အုန်းနို့ခေါက်ဆွဲ ချက်နည်း
————————-

👉 ပါဝင်ပစ္စည်းများ

– အုန်းနို့ခေါက်ဆွဲဖတ်
– ကြက်သား
– ငါးဖယ်
– ဘဲဥ
– ပဲစိမ်းမှုန့်
– ငရုတ်သီးအရောင်တင်မှုန့်
– ဆီ
– အုန်းသီး (သို့) နို့စိမ်း
– သကြား
– ဆား
– အရသာမှုန့်
– ကြက်သွန်နီဥသေး
– နနွင်းမှုန့်
– မုန်ြွ့ကပ်ကြော်
– ကြက်သွန်နီဥကြီး – အစိမ်းထည့်စားရန် ပါးပါးလှီး
– ရှောက်သီး
– ငရုတ်သီးလှော်မှုန့်
– ယိုးဒယားငံပြာရည်
– ကြက်သွန်ဖြူဗမာဥ
– ပဲကြော်
– ရေ

(အပျစ်အကျဲအတွက် ထပ်လိုက်နိုင်ပါတယ်။ ပဲစိမ်းဖျော်ရာမှာလည်း ရေပါဝင်မှာဖြစ်တဲ့အတွက် ပျစ်လျှင် ရေနွေးလိုက်လို့ ရပါတယ်။ မကျဲအောင် ဂရုစိုက်ပါ။)

🔥 ချက်ပြုတ်နည်း

၁။ ကြက်သားကို အခြမ်းလိုက် ရေဆေးပြီး ရေစစ်ထားပါ။
ရေနွေးအိုး တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူဥအတိုင်း အပေါ်ခွံချွတ်ပြီး ရေဆေး၍ ၂ ဥ ထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သားထည့် ပြုတ်ပါ။ အစိမ်း မကျန်ဘဲ ခပ်တင်းတင်းလေး နူးလာလျှင် ဆယ်ယူပြီး အအေးခံ၍ အဖတ် ကြီးကြီးတွေ လွှာထားပါ။

၂။ ဘဲဥကို ပြုတ်ထားပါ။

၃။ ပဲစိမ်းမှုန့်ကို အလုံးအခဲမကျန်အောင် ရေဖျော် ထားပါ။

၄။ ကြက်ပြုတ်ရည်ထဲ ချင်း၊ ကြက်သွန်ဖြူရည်၊ ဆား၊ အရသာမှုန့်နယ်၍ စေး အောင် ပေါက်ထားသော ငါးဖယ်များကို ခပ်ကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ။ အပေါ်ပေါ်လာလျှင် ခဏထား၍ ဆယ်ထုတ်ပြီး အနေတော်လေးတွေ လှီးထားပါ။

၅။ ဆီပူအိုးတည်ပြီး ပူလာလျှင် မုန့် ကြွပ်ကြော်ပြီး ဆယ်ယူ ထားပါ။ အေးလျှင် လေလုံသောဘူး (သို့) အိတ်ထဲထည့်ပြီး လေလုံအောင် သိမ်းပါ။

၆။ ကျန်ဆီထဲ ကြက်သွန်ဖြူ ၃ ဥကို မညက်တညက် ထောင်းပြီး ဆီသတ်ပါ။ နနွင်းမှုန့်ထည့်ပါ။ ကြက်သွန်ဖြူရနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီး လွှာထားသော ကြက်သားများထည့်ပါ။

၇။ ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား ၁ ဇွန်း ထည့်ပါ။ မွှေးလာလျှင် ဆယ်ယူလို့ရ ပါပြီ။ ရေချိန်ကို ကြက်ပြုတ်ရည်အပါ အပေါ်မှာပြထားသည့်အတိုင်း ထည့်ပါ။

၈။ ဆူလာလျှင် ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ထည့်ပြီး နာနာမွှေ၍ မီးမှန်မှန်နဲ့တည်ပါ။ ပဲစိမ်းက အိုးကပ်ပြီး တူးတတ်ပါတယ်။ ပဲစိမ်းနံ့ပျောက်လျှင် အုန်းနို့ရည် လောင်းပါ။

၉။ ကြက်သား၊ ငါးဖယ်၊ ပြုတ်ထားတဲ့ဘဲဥကို ပါးပါးလှီးထည့်ပြီး ကြက်သွန်ဥ ထည့်ပါ။ အရသာမှုန့်၊ ဆား၊ သကြားထည့်ပြီး အပျစ်အကျဲ မှန်းဆပါ။ အရသာမြည်းပါ။ ပွက်ပွက်ဆူလာလျှင် ရပါပြီ။

ပွဲပြင်ရန်မှာ 🍝🍝🍝

– ခေါက်ဆွဲဖတ် အနေတော် ဖြတ်ထားပါ။
– ကြက်သွန်နီဥကြီးကို ပါးပါးရိပ်ရိပ် လှီးပြီး ရေဆေး ထားပါ။
– ရှောက်သီးလှီးထားပါ။
– ငံပြာရည်၊ ငရုတ်သီးလှော်မှုန့် နှင့် မုန့်ကြွပ်ကြော်၊ ပဲကြော်ထည့်ပီး သုံးဆောင်နိုင်ပါတယ်​ေနာ်။

Credit

2 thoughts on “အုန်းနို့ခေါက်ဆွဲ ချက်နည်း”

  1. ရှမ်းခေါက်ဆွဲချက်နည်း ( ၃ ) နည်း

    ရှမ်းခေါက်ဆွဲအနှစ်ချက်နည်း
    ================
    ခရမ်းချဉ်သီးမှည့်ကို အခွံကွဲအက်သည့်အထိပြုတ်
    ကြက်သွန်နီ အစိတ်သားကို နုပ်နုပ်စင်း(သို့)ကြိတ်
    ပြုတ်ထားတဲ့ခရမ်းချဉ်သီးလေးကို အခွံနွှာပြီး နုပ်နပ်စင်း(သို့)ကြိတ်
    နှစ်သက်ရာ အသားကို အနေတော်စင်းပါ
    အိုးထဲသို့ ဆီဆယ့်ငါးကျပ်သားထည့်ပြီးပူအောင်တည်ပါ..
    နနွင်းအနည်းငယ်ထည့်ပြီး ကြိတ်ထား စင်းထားသောကြက်သွန်နီကို
    နီညိုရောင်သန်းလာသည်အထိကြော်ပေးပါ…
    နီညျိုရောင်သန်လားတဲ့ ကြက်သွန်နီအပေါ်ကို ကြိတ်ထားတဲ့ခရမ်းချဉ်သီး
    အနစ်လေးကိုလောင်းထည့်ပြီး ဆီတက်အောင်ကြော်ပေးထားပါ..
    ပြီးလျှင် စင်းထားတဲ့အသားကို ပြန်ထည့်ပြီး ဆီပြန်အောင်ကြော်ပေးပါ..
    ကြော်နေစဉ်မှာ သကြားထမင်းစားဇွန်း(မထည့်လည်းရ)တစ်ဇွန်း
    ပဲငန်ပြာရည်အနောက်ထမင်းစားဇွန်းသုံးဇွန်းနှင့် ဆားအချိုမှုန့်ထည့်ပေးပါ
    ဟင်းအနှစ်ဆီပြန်လာပါက ရေကို ဟင်းမြှုပ်အောင်ထည့်ပြီး တစ်ရေ
    ခန်းအောင်တည်ပြီး ဆီပြန်လာပါက ဟင်းအနှစ်ရပါပြီ…
    နန်းချက်ထားတဲ့ ဟင်းအနှစ်မှာ အရောင်တင်မှုန့်ကို လုံးဝမသုံးထားပါဘူး..
    ဟင်းအနှစ်ကျက်ပြီဆိုပါက ကြက်သွန်ဖြူလေးကိုစင်းပြီး ဆီသတ်ထားပါ
    နှမ်းလှော်ထောင်းထားပါ..
    ပါကော ချောင်ကော(နာနတ်ပွင့်)အမှုန့်တိုကို ဆီပူလောင်းပေးထားပါ
    ကြာညို့အတွက်တော့ ready made တွေရှိပေမယ့်
    ထန်းလျက်စစ်စစ်ကို ကျိုပြီးရလာတဲ့အနံ့လောက်မမွှေးပါဘူး
    ဖြစ်နိုင်ရင်ထန်းလျက်ကို ဗျစ်အောင်ကျို ပြန်စစ်ပြီးမှ သုံးစေချင်ပါတယ်

    ပြင်ဆင်နည်း
    =======
    ရှမ်းခေါက်ဆွဲ (ဆန်စေး)နှင့် ရေစိမ်ခေါက်ဆွဲ တို့ကိုရေနွေးဆူဆူမှာဖျော
    တစ်ပွဲချင်းပန်းကန်ထဲထည့်ပြီး ဟင်းအနှစ် အမွှေးအကြိုင် အဆာပလာ
    ထည့်ပြီး ငရုပ်ကောင်းလေးဖြူး သံပုရာသီးတစ်စိတ်လေးညှစ်ပြီး
    ပြင်ဆင်စားလို့ရပါပြီ

    ————-

    ရှမ်းခေါက်ဆွဲ အရည်နဲ့အသုပ်

    ပါဝင်ပစ္စည်းများ
    ဝက်သားပေါင်သား
    ရှမ်းခေါက်ဆွဲအဖတ် ဆန်ဖွယ်
    ပဲပုတ် အနှစ်
    ကြက်သွန်ဖြူ
    ဆီတို့ဖူး
    မြေပဲထောင်း, နှမ်းထောင်း
    ကြက်သွန်မြိတ်
    ရှာကော်ပါကော်
    ရွှေပဲရွက်
    ဆီ
    ဝက်ခေါက်ကြော် -တို့ဖူးကြော်
    မုန့်ညင်းချဉ်

    📢ပြုလုပ်ပုံ

    ရှမ်းခေါက်ဆွဲအဖတ် ဆန်ဖွယ်ကို ရေစိမ်ထားပါ=(ဆန်စီး ရေမစိမ်ပါ)
    တောက်တောက်စင်းထားသည့်ဝက်သားကိုရှမ်းခေါက်ဆွဲလုပ်
    စားတဲ့ပဲပုတ်အနှစ် ,ခရမ်းချဉ်သီး များများနှင့်ချက်ပါ
    ဆီတို့ဖူး ချက်ထားပါ ကြက်သွန်ဖြူကို ဆီသတ်ပါ
    မြေပဲထောင်း, နှမ်းထောင်းထားပါ ကြက်သွန်မိတ်ကိုလှီးထားပါ
    ရွှေပဲရွက်ရှိရင်ပြုပ်ထည့်ပါ
    မွှေပေးပြီး လိုအပ်သည်များကိုပြင်ဆင်စားနိူင်ပါပြီ
    ဝက်သားစားသူများ ဝက်ခေါက်ကြော် တို့ဖူးကြော်
    မုန့်ညှင်းချဉ် ကြက်ရိုးဟင်းချို တို့နဲ့တွဲဖက်စားနိူင်ပါသည်
    ဝက်သားမစားသူများအတွက် ကြက်သားနဲ့ချက်ပါ

    —————————

    ရှမ်းခေါက်ဆွဲပြုလုပ်နည်း

    ပါဝင်ပစ္စည်းများ

    ဆန်ခေါက်ဆွဲ ၁ထုပ်
    မြေပဲဆံလှော် ၅ကျပ်သား
    ရှမ်းချဉ် ၅ကျပ်သား
    ကြက်သွန်မိတ် ၁စည်း
    ငရုတ်သီးဆီကြော်
    ပဲငံပြာရည်အပျစ် အနည်းငယ်
    တို့ဖူးကြော်
    ၀က်ခေါက်ကြော်
    ပဲရွက် အနည်းငယ်

    ကြက်သွန်ဖြူဆီချက်
    ကြက်သွန်ဖြူ ၄မွှာ
    တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း
    နှမ်းဖြူ အနည်းငယ်

    ကြက်သားဟင်းအနှစ်
    ကြက်သားရင်ပုံသား ၂ခု
    ကြက်သွန်နီအနေတော် ၄လုံး
    ခရမ်းချဉ်သီးအနေတော် ၆လုံး
    ကြက်သွန်ဖြူ ၈မွှာ
    ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း
    ဆား အနည်းငယ်
    ပဲငံပြာရည်အကျဲ ၂ဇွန်း

    📢ပြုလုပ်ပုံ

    ၁) ကြက်သားရင်ပုံသားများကို သန့်စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ဆားအနည်းငယ်တို့နှင့် ရောနယ်ပါ။

    ၂) ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပါ။

    ၃) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။

    ၄) အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေကို ထည့်လုံးပါ။ ၃မိနစ်ခန့်ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။

    ၅) ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။

    ၆) ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

    ၇) ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။

    ၈) ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့် ကြီုစိမ်ပါ။

    ၉) မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။

    ၁၀) ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။

    ၁၁) ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့နှင့် ပြုတ်ထားပါ။

    ၁၂) မုန့်ဖတ်ပြုတ်ရန်အတွက် အ၀ကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။

    ပြင်ဆင်ပုံ

    စားနိုင်သလောက် မုန့်ဖတ်ကို ရှိးတံရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။ ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။
    ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။

    ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။

    Crd

  2. Bookie

    အုန်းနို့ခေါက်ဆွဲ ချက်နည်း|
    အုန်းနို့ကို လေးပုံတစ်ပုံဖယ်ထားပြီး ကျန်တဲ့အုန်းနို့တွေနဲ့ ကြက်သားတွေကို ဆားထည့်ပြီး မီးအေးအေးနဲ့ ပြုတ်ထားတယ်။
    အဲချိန်မှာ အနှစ်ထောင်းမယ်| နံနံစေ့/ ဖာလာစေ့/ ဆား/ ရှောက်ခါးသီးအခွံ/ စပါးလင်/ ပဒဲကော/ ငရုတ်ပွ/ ငရုတ်တောင့်ရှည်အခြောက်/ ပဲပုတ်ပြား/ ကြက်သွန်ဖြူ/ ကြက်သွန်နီ/ ဆနွင်းတက်/ Curry Powder/ ပုစွန်ငါးပိ စတာတွေကို ညက်နေအောင်ထောင်းမယ်။
    ပြီးရင် ကြက်သားနဲ့အုန်းနို့အိုးကို ခဏချပြီး အနှစ်ချက်မယ်။ ချန်ထားတဲ့ အုန်းနို့တဝက်ကို ဆီထွက်အောင် မီးအေးအေးနဲ့ အရင်တည်မယ်။
    အဲထဲကို ထောင်းထားတဲ့ဟင်းနှစ်ထည့်ပြီး ဆီသတ်မယ်။ ပြီးရင် ချန်ထားတဲ့အုန်းနို့ပါထည့်မယ်။
    ခဏနေရင် ဟင်းနှစ်အားလုံးကို အုန်းနို့နဲ့ကြက်သားရောပြုတ်ထားတာနဲ့ ရောပြီးမီးဖိုပေါ်ပြန်တည်။
    သကြား/ အချိုမှုန့်/ ငံပြာရည်ထည့်ပြီး အရသာအနေတော်ဆိုရင်ချလို့ရပြီ။ ခေါက်ဆွဲဖတ်တချို့ကို ဆီပူပူနဲ့ အကြွတ်ကြော်တယ်။
    ခေါက်ဆွဲထဲ ဟင်းရည်ထည့် ခေါက်ဆွဲကြွတ်ကြော်ထည့် ကြက်ဥပြုတ်ထည့်ပြီးစားတယ်။
    အစပ်လိုရင် ငရုတ်သီးကြော်မှုန့် ထည့်စားတယ်။
    အချဥ်အတွက် မုန်လာချဥ်/ မုန်ညင်းချဥ်တွေနဲ့ စားကြတယ်။

    Credit to Dr Hein Zaw Nyo

Leave a Comment

Shopping Cart
Scroll to Top