ရခိုင်မုန့်တီချက်နည်း

ပါဝင်ပစ္စည်း
မုန့်ဖတ်
ငါး (ငါးရွှေ၊ ငါးကြင်း ကြိုက်နှစ်သက်ရာငါး)
ဆား
ငါးပိ
ငြုတ်ကောင်း
ကြက်သွန်ဖြူ
ပဒဲကော (ကြိုက်မှထည့်ပါ)
နံနံပင်
ပဲကြော်
ငါးဖယ်
ငရုတ်သီးချက်
ရှောက်သီး / မန်ကျည်းသီးအရည်

ချက်နည်း
ငရုတ်သီးစိမ်းကို အညှာချွေပြီး ၂မိနစ်ခန့် ရေနွေးနှင့်ပြုတ်ပါ
ပြုတ်ပြီးပြီးဆိုရင်တော့ မညုပ်တညုပ်လေးထောင်းပါ။
ငါးကိုရေစင်အောင်ဆေးပြီးလျှင် ရေနှင့် ၃မိနစ် ၄မိနစ်ခန့်ပြုတ်ပါ။ ပြုတ်ထားသော ငါးများကို အအေးခံပြီး အရိုးနွှင်ပြီး ဖယ်ထားပါ။
ပြုတ်ထားသော ငါးပြုတ်ရည်ထဲသို့ ရေကိုလိုသလောက် ထပ်ထည့်ပါ။ ငါးပြုတ်ရည်ထဲသို့ (ငါးပိ၊ ဆား၊ ကြက်သွန်ဖြူ၊ ပတဲကော) တို့ကိုထည့်ပါ။
မုန့်တီအရည် ပွက်လာပြီဆိုရင်တော့ နွှင်ထားသောငါးများနှင့် ငြုတ်ကောင်းမှုန့်ကို ထည့်ပါ။
အရည်ဆူလာပြီဆိုရင်တော့ အရသာမြည်းပြီး မီးပိတ်လိုက်ပါ။

သုံးဆောင်နိုင်ပါပြီ

crd

2 thoughts on “ရခိုင်မုန့်တီချက်နည်း”

  1. Member Hub

    ရခိုင်မုန့်တီသုပ်နည်း
    Leave a Comment / By Member Hub /
    ရခိုင်မုန့်တီသုပ်

    ရခိုင်မုန့်တီသုပ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ငရုပ်သီးစိမ်း အနှစ်ချက်နည်း
    —————————————–
    👉 ငရုပ်သီးစိမ်းကို ရေနွေးဖြင့်ပြုတ်ပြီး ရလာသော ငရုပ်သီးစိမ်းကို ထောင်း ပါ သို့မဟုတ် blender ဖြင့် ကြိတ်လိုက်ပါ။

    👉 ရလာသော ငရုပ်သီးအနှစ် ၊ ငပိ ၊ ငါးအသားနွှင် ၃ ပုံ ၁ ပုံ ၊ ဆားလိုသလောက် ခန့်မှန်းထည့်ကာ ကြိုချက်ပေးပါ။

    👉 ဆူပွက်လာချိန်မှာ အပေါ့အငန်းမြည်းပြီးရင် ငါးရွှေအဖတ်ကလေးများဖြင့် ငရုပ်သီးအနှစ်ချက်ရပါပြီ။

    ပြင်ဆင်ထားရန်များ
    ——————-
    – ဆီချက်သတ်ပေးပါ။
    – မကျည်းသီးအနှစ်ရည် ဖျော်ထားပါ။
    – နံနံပင် လှီးထားပေးပါ။
    – ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းစေ့ အနည်းငယ် ရောထောင်းထားပေးပါ။
    – ကြက်သွန်စိမ်း ပါးပါးလှီးထားပေးပါ။ ( ကြိုက်သူများ အတွက်သာ)
    – သံပုရာသီး အစိပ်လေးတွေ လှီးထားပေးပါ။
    – ငရုပ်သီးအကျက်မှုန့် အနည်းငယ် ပြင်ဆင်ထားပါ။
    – ကိုယ်ကြိုက်ရာ ပဲကြော် ငါးဆုပ်ကြော် ၀က်ဆီဖတ် တမျိုးမျိုး ပြင်ဆင်
    ထားပါ။
    – အထက်က လုပ်နည်းတွေအတိုင်း လုပ်ထားပြီးပြီ ဆိုလျှင်တော့ ရခိုင်မုန့်တီ အရည် ၊ အသုပ်အစုံ စားလို့ ရပါပြီရှင်။

    Credit

  2. ရခိုင်မုန့်တီ
    ငါးကို ကြက်သွန်ဖြူ/ ပဒဲကောတွေနဲ့ရောပြုတ်
    အသားထွင်ပြီး ငါးပြုတ်ရည်ထဲနည်းနည်းထည့် ငါးပိထည့်
    ငရုတ်ကောင်းစေ့လှော်ထောင်းထည့်
    ငါးအသားထွင်တဝက်ကို ငရုတ်သီးပြုတ်နဲ့ရောပြီးချက်
    ကျန်တဝက်ကို ဆီနည်းနည်း ဆနွင်းထည့်ပြီး ခြောက်နေအောင်လိမ့်ပြီးသွားပြီ။
    ရခိုင်မုန့်တီအတွက် အဆင်သင့်ဖြစ်ပြီ။ စားခါနီးမှ ပင်လယ်စာတွေထည့်ပြုတ်ပြီး ရခိုင်မုန့်တီထဲ ထည့်သုပ်စားရုံပဲ။

    Credit to Dr Hein Zaw Nyo

Leave a Comment

Shopping Cart
Scroll to Top