ကိုရီးယားကင်ချီလုပ်နည်း

ပါဝင်ပစ္စည်း

မုန်ညှင်းထုတ်- ၂ထုတ်
မုန်လာဥနီ၁ လုံး
မုန်လာဥဖြူ၁လုံး
ချင်း၂ ကျပ်သား
သစ်တော်သီး or ပန်းသီး ၁လုံး
ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၃ဇွန်း
သကြားထမင်းဇွန်း၂ဇွန်း
ငရုပ်သီးမှုန့်ထမင်းဇွန်း၃ဇွန်း
ကြက်သွန်မြိတ်အနဲငယါ
ကြက်သွန်နီ၂လုံး
ကြက်သွန်ဖြူ၂ဥ
နှမ်းအနည်းငယ်
ပုဇွန်ခြောက်
ငါးငန်ပြာရည်ထမင်းစားဇွန်း ၃/၄ဇွန်း
ဆားအနဲငယ်

ပြုလုပ်ပုံ-

၁-မုန်ညှင်းဖြူထုတ်ကို သေးရင် ထက်ခြမ်း၊ ကြီးရင် လေးစိတ်ခွဲ၊ ရေနဲ့ဆေးကြောသန့်စင်ပြီး ရေစစ်၊ အရွက်အဖပ်ကြားတိုင်းကို ဆားဖြူး (သို့) ဆားများများ ကိုရေဖျော်ပြီး မုန်ညှင်းထုတ်ကို ၃/၄ နာရီ လောက်နှပ်မကြာခဏ အထက်အောက် လှန် ပေးပါ။ ဆားဖြူးရင်တော့ ရေပြန်ဆေးပြီး ရေညှစ်ပါ။ဆားရည်စိမ်ရင်တော့ ရေညှစ်ပါ။ ဇကာတခုမှာ ရေစစ်ထားပါ။

၂- မုန်လာဥနီနဲ့ မုန်လာဥဖြူကို အချောင်းရှည် လေးတွေ လှီး ထားပါ။ ကြက်သွန်မြိတ် အချောင်းရှည်အမျှင် လေးတွေ လှီးထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ချင်းအနည်းငယ်ကို အချောင်းရှည်လေးတွေ ပါးပါးရိတ်ရိတ် လှီးထားပါ။ (ပါးပါး ၁-၂ ပြားခန့် သာ ထည့့်ပါ)။ ကြက်သွန်ဖြူနဲ့ ကျန်တဲ့ချင်းကိုညက်အောင်ထောင်းထားပါ။ ပန်းသီး(သို့)သစ်တော်သီး တခြမ်း ကြိတ်ထားပါ(ပါးပါးလှီး ရင် လည်းရပါတယ်)။

ကောက်ညှင်းမှုန့် ကို သကြားထည့် ရေအနည်းငယ်နဲ့ ပြစ်ပြစ်လေး ကျိုထားပါ။ ပြီးရင် ငရုတ်သီးမှုန့် ပုဇွန်ခြောက် ငန်ပြာရည်နဲ့ အားလုံးကို ရောနယ်ပါ။ (ငရုတ်သီးမှုန့်က ကိုရီးယား ငရုတ်သီးမှုန့်က ပိုကောင်းပါတယ်။ ပုဇွန်ဆားငါးပိကလည်း ကိုရီးယားမှ ကောင်းတာပါ။ မရှိတဲ့အတွက် သူ့အစားပုဇွန်ခြာက်ထည့်ပါတယ်)

၃ -ရေစစ်ထားတဲ့ မုန်ညှင်းဖြူထုပ်ရဲ့ အရွက်ဖတ်တွေကြားမှာ အနှစ်လေးတွေကို ထည့်ပေးပြီး လက်နဲ့ညှစ်ဆုတ်ဆုတ်ပေးပါ။ ဗူးသန့်သန့် ထဲမှာ ဖိသိပ်ပြီး ထည့်ပါ။

ရာသီဥတု ပူနွေးရင်အပြင်မှာ ၂ ရက်လောက်ထားပါ(ပိုချဉ်ချင်တယ်ဆိုရင် ၃ရက်လောက်ထားပါ)။ ဒါဆိုစားလို့ရပါပြီ။ ပြီးမှ ရေခဲသေတ္တာထဲထည့်ပြီး ကြာရှည်ထားပြီး လိုအပ်သလို စားသုံးနိုင်ပါတယ်။

သခွားသီးကိုလေးစိပ်ခွဲပြီး ဆားနဲ့နယ်ပြီး ခဏနှပ်ထားပြီး အဲဒီ အစာတွေကို ကြားထဲထည့်ပြီး သခွားသီးကင်ချီ အဖြစ်လည်း စားနိုင်ပါတယ်​။

Credit to original writer

Leave a Comment

Shopping Cart
Scroll to Top