ငရုတ်ဆီလုပ်နည်း
======
ကြက်သွန်ဖြူ
၅ လုံးကိုအခွံနွှာပြီးညက်ညက်ကြိတ်ထားပါ
ပန်းကန်လုံးတခုမှာဂျုံမှုန့်ကိုစတီးဟင်းခတ်ဇွန်း ၂ ဇွန်းထည့်ပြီး
ရေ ၅ ဇွန်းခန့်ထဲ့
ညက်နေအောင်ဖျော်ထားပါ

အိုးတလုံးမှာရေကိုနို့ဆီခွက် ၁ ခွက်စာထည့်ပါ
ကြက်သွန်ဖြူကြိတ်ထားတာ
ထည့်ပါ ငရုတ်သီးအစိမ်းမှုန့်
အကောင်းစားကိုဟင်းခတ်
ဇွန်း ၃ ဇွန်းထည့်ပါ
ဆားဟင်း
ခတ်ဇွန်း တဝက်ထည့်ပါ
ထန်းလျက်ခဲ အနဲငယ်ထည့်ပါ
ဆူအောင်အပူပေးပြီးမွှေပေးပါ
ရှာလကာရည်ကိုဟင်းခတ်ဇွန်းနှင့် ၁၀ ဇွန်းထည့်ပါ
မွှေပေးပါ
အပျစ်အကြဲအတွက်ဂျုံဖျော်ထားတာကို
ဟင်းခတ်ဇွန်းနှင့် ၄ ဇွန်းထည့်ပါ မွှေပေးပါ အရသာမြည်းပီး လိုတာထပ်ထည့်ပါ
အနေတော်ဆိုရင်ငရုတ်ဆီရပါပြီ

အအေးခံပြီးရင်လေလုံဘူး
ထဲထည့်ပြီးရေခဲသေတ္တာမခဲ
သည့်နေရာမှာထားရင်တာ
ရှည်ထားလို့ရပါတယ်

အပြင်မှာထားရင် သုံးရက်လောက်ထားလို့ရပါတယ်

Credit

1 thought on “ငရုတ်ဆီလုပ်နည်း”

  1. Member Hub

    အိမ်လုပ်ငရုတ်ဆီလုပ်နည်း
    ======
    ကြက်သွန်ဖြူ ၅ လုံးကိုအခွံနွှာပြီးညက်အောင်
    ကြိတ်ထားပါ
    ပန်းကန်လုံးတခုမှာဂျုံမှုန့်ကို စတီးဟင်းခတ်ဇွန်း ၂ ဇွန်း ထည့်ပြီးရေ ၅ ဇွန်းထည့်ကာ ညက်နေအောင်ဖျော်ထားပါ
    အိုးတလုံးမှာရေကိုနို့ဆီခွက် ၁ ခွက်စာထည့်ပါ
    ကြက်သွန်ဖြူကြိတ်ထားတာထည့်ပါ
    ငရုတ်သီးအစိမ်းမှုန့်ဟင်းခတ်ဇွန်း ၃ ဇွန်းထည့်ပါ
    ဆားဟင်း ခတ်ဇွန်း တဝက်ထည့်ပါ

    ထညက်လုံး ၇ လုံးထည့်ပါ
    ဆူအောင်အပူပေးပြီးမွှေပေးပါ
    ရှာလကာရည်ကိုဟင်းခတ်ဇွန်းနှင့် ၁၀ ဇွန်းထည့်ပါ
    မွှေပေးပါ
    အပျစ်အကြဲအတွက်ဂျုံဖျော်ထားတာကို
    ဟင်းခတ်ဇွန်းနှင့် ၄ ဇွန်းထည့်ပါ မွှေပေးပါ အရသာမြည်းကြည့်ပါ လိုတာထပ်ထည့်ပါ
    အနေတော်ဆိုရင်ငရုတ်ဆီရပါ
    ပြီး အအေးခံပြီးရင်လေလုံဘူး
    ထဲထည့်ပြီးရေခဲသေတ္တာမခဲ
    သည့်နေရာမှာထားရင်တာ
    ရှည်ထားလို့ရပါတယ်
    ရေခဲသေတ္တာမရှိရင်နဲနဲပဲ
    လုပ်ပြီးအပြင်မှာသုံးလေး
    ရက်လောက်ထားလို့ရပါတယ်
    ဆိုးဆေးမပါ တာရှည်ခံဆေးမပါတဲ့ငရုတ်
    ဆီရပါပြီ

    Credit to original uploader

Leave a Comment

Shopping Cart
Scroll to Top