ကြေးအိုးချက်နည်း

ကြေးအိုးချက်နည်းမှာ ဟင်းရည်က အဓိက ပါ။

ပါ၀င်သော ပစ္စည်းများ

၁။ ကြက်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၄၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊

သတိပြုရန်မှာ-
ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊

၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊

၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)

၄၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။

၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊

၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊

နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊

ပွဲပြင်နည်း

– သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
– အူစုံ အသည်းစုံထည့်
– ကြာဆံ (သို.) ဆန်ပြားကို အလိုရှိ
သလောက်ထည့်ပြုတ်
– ပဲပြားထည့်
– ငုံးဥ ထည့်
– အရွက်စိမ်း နောက်ဆုံးမှ ထည့်
– ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။
– ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့်
ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီနော်

crd

1 thought on “ကြေးအိုးချက်နည်း”

  1. Member Hub

    မြေအိုးမြီးရှည် ပြုလုပ်နည်း

    ပါ၀င်သောပစ္စည်းများ
    =============

    ၁။ ကြက်သား – ရင်အုပ် တခြမ်း နှင့် လည်ချောင်းရိုး ၂ ခု
    ၂။ ကြက်အူချောင်း – ၁ ချောင်း
    ၃။ ငုံးဥ – ၄ လုံး
    ၄။ ကိုက်လန် – ၁ ချောင်း
    ၅။ ပါးပါးလှီးထားသော မုန္လာဥနီ – အနည်းငယ်
    ၆။ မုန်ညှင်းဖြူ – အနည်းငယ်
    ၇။ ပန်းမုန်လာ – အနည်းငယ်
    ၈။ အစိမှးေ၇ာငပှနှးမုနလှာ – အနညှးငယှ
    ၉။ ကျောက်ပွင့် – အနည်းငယ်
    ၁၀။ ကြွက်နားရွက် (ကျောက်ပွင့်အမည်း) – အနည်းငယ်
    ၁၁။ အသားတု – ၂လုံး
    ၁၂။ မြီးရှည်အခြောက်ဖတ် – လက္တဆုပ္စာ
    ၁၃။ အဖြူရောင် အပြားခေါက်ဆွဲဖတ် – ၄ ပြား (မထည့်လဲရ)
    ၁၄။ ပဲပြားခြောက် – အနည်းငယ်
    ၁၅။ ပဲပြား – အတုံးသေး ၄ တုံး (ပုံထဲမွာမပါ။)
    ၁၆။ ဆား – အနည်းငယ်
    ၁၇။ အချိုမှုန့်(သို့) သကြား – အနည်းငယ်
    ၁၈။ ပဲငပိ အစပ် – ထမင်းစားဇွန်း ၂ ဇွန်း
    ၁၉။ မုန်ညှင်းချဉ် (သို့) ရှမ်းချဉ် – ထမင်းစားဇွန်း ၂ ဇွန်း
    ၂၀။ ဟွာကျောင်းအမှုန့်- အနည်းငယ် (မရှိရင်မထည့်လဲရပါတယ်။ ထည့်ရင်အနံ့ပိုမွှေးပါတယ်။)
    ၂၁။ ငရုတ်ကောင်း – အနည်းငယ်

    ပြုလုပ်နည်း
    =======

    ၁။ ကြက်ရင်အုပ် နှင့် လည်ချောင်းရိုးများကို ဆား၊အချိုမှုန့် (သို့) သကြား အနည်းငယ်ထည့် ရေ ၄ ခွက်ထည့်ရ်ျ မိနစ် ၂၀ ခန့်ပြုတ်ပါ။
    ၂။ ပြီးလျှင် ရင်အုပ်မှ အသားမ်ားကို နွှာရ်ျ အတုံးအသေးလေးတွေတုံးထားပါ။ ရငျအုပျမှအ၇ိုးကို ကြက်ပြုတ်ရည်အိုးထဲထည့်ပြီး မီးအေးအေးဖြင့် ဆက်တည်ထားပါ။ ကြက်ပြုတ်ရည်အိုးတွင် ရေနည်းသွားလျှင် ရေပြန်ပြန်ဖြည့်ပေးပါ။
    ၃။ မြီးရှည်အခြောက်ဖတ်၊ ပဲပြားခြောက်၊ ကျောက်ပွင့်၊ ကြွက်နားရွက်၊ အသားတုတို့ကို အနည်းဆုံး ၁ နာရီ ခန့်ရေစိမ်ထားပါ။
    ၄။ အသီးအရွက်များကို ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ မုန်ညှင်းချဉ်ကို အတုံးအသေးလေးတွေလှီးထားပါ။
    ၅။ မြေအိုးမြီးရှည်ပြင်ဆင်နည်း
    – မြေအိုးကို မီးဖိုပေါ်တင်ရ်ျ အပူပေးပါ။ ပဲငပိအစပ္ကို ထည့်ပါ။ ထို့နောက် အတုံးအသေးလေးတွေတုံးထားသော ကြက်သားကို ထည့်ပြီး ပဲငပိနှင့် သမအောင်မွှေပါ။ ပြီးလျှင် မုန်ညှင်းချဉ်ကိုထည့်ပါ။
    – ထို့နောက် ကြက်ပြုတ်ရည်ကို မြေအိုးရဲ့တ ၀ကျကျြောကျြောလောကျ အထိထည့်ပါ။ ဟွာကျောင်းနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်ပါ။ ရေစိမ်ထားသော အရာမ်ားကို ထည့်ပြုတ်ပါ။ ၂ မိနစ်ခန့်အဖုံးအုပ်ထားပါ။
    – ပြီးလျှင် ပဲပြား၊ လှီးထားသော အသီးအ၇ှကျမြား၊ ငုံးဥတို့ကို ထည့်ရ်ျ နောက်ထပ် ၂ မိနစ်ခန့်အဖုံးအုပ်ထားပါ။
    ၆။ ထို့နောက်မီးဖိုပေါ်မှချရ်ျ ပူပူနွေးနွေး မြေအိုးမြီးရှည်ကို သုံးဆောင်နိုင်ပါပြီ

    Crd

Leave a Comment

Shopping Cart
Scroll to Top