မုန်ညင်းချဉ် (ရှမ်းချဉ်) လုပ်နည်း

ပါဝင်သောပစ္စည်းများ
မုန်ညင်းစိမ်း ၂ပိဿာခန့်၊

မုန်လာဥနီ ၁၅ ကျပ်သား၊

ဂျူးမြစ် ၁၅ ကျပ်သား၊

ပဲပိုးတီ ၂၅ ကျပ်သား၊

ဂျင်း ၅ ကျပ်သား၊

မုန်ညင်းစေ့ ၁ ကျပ်သား၊

ငရုတ်သီး အရောင်တင်မှုန့် ၅ ကျပ်သား၊

နံနံစေ့ ၁ ကျပ်သား၊ ဆား၊

ကြံသကာ ၅ ကျပ်သား၊

ဆန်အရက် ထမင်းစားဇွန်း ၃ ဇွန်း။

(၁) မုန်ညင်းကို ရေနှစ်ခါဆေးပြီး ဇလုံတစ်ခုထဲထည့်၊ ရေထည့်၊ ဆားထည့်ပြီး တစ်နာရီခန့် ဆားရည်စိမ်ထားပါ။
(၂) ပြီးရင် ရေစစ်ပြီး နာရီဝက်ကျော်လောက် နေလှန်းပါ။ အနည်းငယ်နွမ်းရင် အနေတော်လောက် လှီးဖြတ်ထားပါ။
(၃) ပဲပိုးတီ၊ ဂျူးမြစ်၊ မုန်လာဥနီတို့ကို ရေဆေးပြီး စစ်ထားပါ။ ပြီးရင် အနေတော်လေးတွေ လှီးထားပါ။
(၄) အမွှေးအကြိုင်အတွက် နံနံစေ့နဲ့ မုန်ညင်းစေ့ကို အနံ့မွေးအောင် လှော်ပြီးရင် အနည်းငယ် ထောင်းပေးထားပါ။ ဂျင်းပါးပါးလှီးထားတဲ့အထဲက တစ်ဝက်ကိုထည့်ပြီး ထောင်းလိုက်ပါ။
(၅) ငရုသီးပွခြောက်နဲ့ ကြံသကာတို့ကိုလည်း ထည့်ပြီး ချေပေးပါ။
(၆) ရေစစ်ထားတဲ့ အသီးအရွက်များကို ဇလုံးကြီးတစ်ခုထဲထည့်၊ အမွှေးအကြိုင်များကိုထည့်၊ ဆား၊ ကြံသကာ၊ ဆန်အရက်တို့ကိုထည့်ပြီး နှံ့စပ်အောင် နယ်ပါ။
(၇) ပြီးလျှင် စဉ့်အိုထဲ သို့မဟုတ် ဖန်ပုလင်းထဲ သိပ်ထည့်ပြီး ပလတ်စတစ်အုပ်ပြီး အဖုံးလုံအောင် ဖုံးထားပါ။
(၈) နေပူထဲ ချထားရင် ၄ ရက်၊ အရိပ်ထဲ သို့မဟုတ် အေးတဲ့ရာသီဆိုရင် ၈ ရက်ခန့်ဆိုရင် မုန်ညင်းချဉ် ရပါပြီ။

Credit
______________________________________

ကြက်သွန်ဖြူချဉ် လုပ်နည်း

ကြက်သွန်ဖြူတွေကို အလုံးလိုက် ရေဆေးပြီးအပေါ်ခွံတွေချွတ်
အခွံကိုတလွှာပဲချန်ခဲ့ပြီး အားလုံးကို ဆားရည်စိမ်တယ်။ (နာရီဝက် ၁နာရီလောက်စိမ်ပေးရင် ရတယ်)
ပြီးရင် ကြက်သွန်ဖြူတွေဆယ်ပြီး ခြောက်အောင်ထားတယ်။

အားလုံးကိုရောပြီး ဆူပွက်အောင်တည်။
လုံးဝအေးသွားတဲ့အထိ ထား
လုံးဝအေးသွားမှ ပျားရည် ထည့်မွှေ
အဲအရည်နဲ့ ကြက်သွန်ဖြူတွေကို ပုံးသန့်သန့်ထဲမှာ မြုပ်အောင်စိမ်တယ်။
အနည်းဆုံး ၁လစိမ်ပြီးမှ သုံးတယ်။
အချဉ်စပ်တဲ့နေရာမှာ ကြက်သွန်ဖြူသုံးတဲ့အခါ ကြက်သွန်ဖြူအစ်ိမ်းရော အချဉ်စိမ်ထားတဲ့ ကြက်သွန်ဖြူရော စိမ်ထားတဲ့အရည်အနည်းငယ်ရော စပ်သုံးတာက အရသာပိုကောင်းတယ်။

ကြက်သွန်ဖြူ ၁.၅ ကီလို
ရေ 1 လီတာ
ရှာလကာရည် 300 ml
သကြား 300 g
ဆား 30 g
ပျားရည် ထမင်းစား ၃ဇွန်း

Crd to Dr Hein Zaw Nyo

1 thought on “မုန်ညင်းချဉ် (ရှမ်းချဉ်)/ ကြက်သွန်ဖြူချဉ် လုပ်နည်း”

  1. Member Hub

    ဝက်သားချဉ်လုပ်နည်း/ငါး ပုစွန်းချဥ်လုပ်နည်း

    အိမ်မှာ လုပ်စားချင်တဲ့သူတွေအတွက်
    Nampowder က အချဉ်မြန်စေပါတယ်
    nampowderမရှိရင် ရိုးရိုး ကောက်ညှင်းပေါင်းနဲ့ အချဉ်လုပ်လို့ရပါတယ် အဲ့တာဆိုရင်တော့ အခန်းအပူချိန်မှာ ၂၄နာရီ ထားရပါမယ်

    ဝက်သားချဉ်လုပ်နည်း

    ဝက်သားလိုင်းသား ၃၀သါးကိုကြိတ် သို့ နှုတ်နှုတ်စင်း
    nam powder ထမင်းစားဇွန်း၂ဇွန်းသကြားအနည်းငယ် အရသာအနည်းငယ် ရှမ်းထမင်း သို့ ကောက်ညှင်းပေါင်း လက်တဆုပ်ရဲ့တဝက်လောက်ကို ရောနယ်ပြီး ထုပ်ပိုးချိန် ကြက်သွန်ဖြူ အတက် ငရုတ်သီး အတောင့်ကြိုက်ရင် ရောထုပ်လို့ရပါတယ်
    ငှက်ပျောရွက် သို့ ပလပ်စတစ်အိတ်ဖြင့် ကိုယ်ကြိုက်ရာပုံစံ ထုပ်ပါ ပြီးရင် အခန်းအပူချိန်မှာ ၅နာရီလောက်ထားပြီး ရေခဲသေတ္တာ ပုံမှန်ခန်းသို့သိမ်းပါ နောက်ရက်ဆို အချဉ်မစူးပဲ စားလို့ကောင်းပါတယ် အပြင်မှာ အကြာကြီးထားရင် အချဉ်အရမ်းစူးပါတယ်

    ဝက်ခေါက်ရောပြီး ဝက်သားချဉ်လုပ်နည်း

    ဝက်သားလိုင်းသား၃၀ ဝက်ခေါက် အဆီလုံးဝမပါစေရ ပြုတ်ပြီး ပါးပါးလှီး
    ပြီးရင် အပေါ်က ပါဝင်ပစ္စည်းအတိုင်းထည့် ထုပ်ပါ

    ဝက်သွေးနဲ့ ဝက်သားချဉ်(ချက်ချင်းစားမယ်ဆိုမှ ဝက်သွေးနဲ့ လုပ်ပါတယ် )

    ဝက်သွေးအနည်းငယ်ကို အပေါ်ကပစ္စည်းတွေနဲ့ ရောပြီး လုပ်ယုံပါပဲ

    မွှေးအောင်လို့ ဂျင်းအရည်လေး နည်းနည်းညှစ်ပြီး ထည့်ပါတယ်
    ကောက်ညှင်း နဲ့လုပ်ရင် နေ့တဝက်လောက်ဆို စမ်းကြည့်ပီး အခြေအနေမကောင်းရင်တော့ ကြော်စားပလိုက်ပါ
    ဝက်သားချဉ် အနီရဲရဲကြိုက်ရင်တော့ ဆေးအရောင်လေး နည်းနည်းထည့်ပါ

    #ပုစွန်ချဉ်လုပ်နည်း#ငါးချဉ်လုပ်နည်း

    သန့်သန့်ရှင်းရှင်းနဲ့ အဝစားလို့ ရတဲ့ ကိုယ်တိုင်လုပ် ပုစွန်ချဉ်နှင့် ငါးလေးချဉ် ပြုလုပ်နည်း

    ပုစွန် / ငါး/ ငါးဖယ် နှစ်သက်ရာလုပ်စားလို့ရပါတယ်

    ပြုလုပ်နည်း
    ************
    ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။

    ဇကာနဲ့ရေ ခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ။

    နာရီဝက်လောက် ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။

    နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။

    ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ။

    နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ထားပေးပါ။ ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။

    အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ။

    ငါးချဉ်ကို အိမ်မှာတော့ နှစ်သက်ရာငါးနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားရပါတယ်။

    Credit

Leave a Comment

Scroll to Top