မုန်ညင်းချဉ် (ရှမ်းချဉ်) လုပ်နည်း

ပါဝင်သောပစ္စည်းများ
မုန်ညင်းစိမ်း ၂ပိဿာခန့်၊

မုန်လာဥနီ ၁၅ ကျပ်သား၊

ဂျူးမြစ် ၁၅ ကျပ်သား၊

ပဲပိုးတီ ၂၅ ကျပ်သား၊

ဂျင်း ၅ ကျပ်သား၊

မုန်ညင်းစေ့ ၁ ကျပ်သား၊

ငရုတ်သီး အရောင်တင်မှုန့် ၅ ကျပ်သား၊

နံနံစေ့ ၁ ကျပ်သား၊ ဆား၊

ကြံသကာ ၅ ကျပ်သား၊

ဆန်အရက် ထမင်းစားဇွန်း ၃ ဇွန်း။

(၁) မုန်ညင်းကို ရေနှစ်ခါဆေးပြီး ဇလုံတစ်ခုထဲထည့်၊ ရေထည့်၊ ဆားထည့်ပြီး တစ်နာရီခန့် ဆားရည်စိမ်ထားပါ။
(၂) ပြီးရင် ရေစစ်ပြီး နာရီဝက်ကျော်လောက် နေလှန်းပါ။ အနည်းငယ်နွမ်းရင် အနေတော်လောက် လှီးဖြတ်ထားပါ။
(၃) ပဲပိုးတီ၊ ဂျူးမြစ်၊ မုန်လာဥနီတို့ကို ရေဆေးပြီး စစ်ထားပါ။ ပြီးရင် အနေတော်လေးတွေ လှီးထားပါ။
(၄) အမွှေးအကြိုင်အတွက် နံနံစေ့နဲ့ မုန်ညင်းစေ့ကို အနံ့မွေးအောင် လှော်ပြီးရင် အနည်းငယ် ထောင်းပေးထားပါ။ ဂျင်းပါးပါးလှီးထားတဲ့အထဲက တစ်ဝက်ကိုထည့်ပြီး ထောင်းလိုက်ပါ။
(၅) ငရုသီးပွခြောက်နဲ့ ကြံသကာတို့ကိုလည်း ထည့်ပြီး ချေပေးပါ။
(၆) ရေစစ်ထားတဲ့ အသီးအရွက်များကို ဇလုံးကြီးတစ်ခုထဲထည့်၊ အမွှေးအကြိုင်များကိုထည့်၊ ဆား၊ ကြံသကာ၊ ဆန်အရက်တို့ကိုထည့်ပြီး နှံ့စပ်အောင် နယ်ပါ။
(၇) ပြီးလျှင် စဉ့်အိုထဲ သို့မဟုတ် ဖန်ပုလင်းထဲ သိပ်ထည့်ပြီး ပလတ်စတစ်အုပ်ပြီး အဖုံးလုံအောင် ဖုံးထားပါ။
(၈) နေပူထဲ ချထားရင် ၄ ရက်၊ အရိပ်ထဲ သို့မဟုတ် အေးတဲ့ရာသီဆိုရင် ၈ ရက်ခန့်ဆိုရင် မုန်ညင်းချဉ် ရပါပြီ။

Credit 

Leave a Comment

Shopping Cart
Scroll to Top