မာလာဟင်းချက်နည်း

မာလာဟင်းအနှစ်ချက်ရန်ပါဝင်ပစ္စည်းများ

မာလာဟင်းနှစ်ထုပ် ၁ထုပ်
ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
မာလာဟင်းတွင် ပါဝင်ပစ္စည်းများ
ကြက်သားချောင်း ၂ချောင်း
မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး ၅၀ဂရမ်
(မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်)

ပြင်ဆင်နည်း

၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။
၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။
၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

ချက်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။

၂။ ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး မာလာဟင်းအနှစ်ထုပ် (၅ပုံ ၄ပုံ) ထည့်ပေးပြီး ရေ(၃ခွက်) ထည့်ပါ။

၃။ ထို့နောက် အရသာအတွက် (ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား) တို့ကို ထည့်ပြီး ဆူလာသည်အထိ တည်ထားပါ။

၄။ မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီး ၁မိနစ်ခန့် တည်ထားပါ။

၅။ ပြီးမှ အနူးလွယ်သော (ပဲပြား၊ ရွှေပဲသီး) တို့ကို ထည့်ပြီး ၁မိနစ်ခန့် ထပ်တည်ထားပါ။

၆။ ပြီးနောက် ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၇။ ရေအနည်းငယ်ကျန်ပြီး အရသာ အပေါ့အငံ အနေတော်
ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ဖြူးပြီး မီးပိတ်လိုက်ပါ။

မာလာဟင်း စပ်စပ်လေးသုံးဆောင်နိုင်ပါပြီ။

crd

1 thought on “မာလာဟင်းချက်နည်း”

  1. Member Hub

    မာလာဟင်း ချက်နည်း

    ပါဝင်ပစ္စည်း
    __________
    မာလာခေါက်ဆွဲအစုံ – တစ်ပွဲစာ
    နှစ်သက်ရာအသီးအနှံ – တစ်ပန်းကန်
    ကြက်သား – လိုသလောက်
    ငါးလုံး – ၅လုံး
    ငုံးဥ – ၅လုံး

    ဟင်းစပ်ပစ္စည်း
    __________
    မာလာဟင်းအနှစ် – နှစ်ဇွန်း စားပွဲဇွန်း
    ကြက်သွန်ဖြူ ဆီချက် – တစ်ဇွန်း စားပွဲဇွန်း
    မြေပဲထောင်း – တစ်ဇွန်း
    ပဲငံပြာရည် အကြည် – တစ်ဇွန်း
    ခရုဆီ -တစ်ဇွန်း
    သကြား – တစ်ဇွန်း
    ကြက်သားမှုန့် – တစ်ဇွန်း
    ကြက်ပြုတ်ရည် အနည်းငယ်

    ပြင်ဆင်ပြုလုပ်နည်း
    __________
    (၁)မာလာခေါက်ဆွဲအစုံကိုရေတနာရီခန့့်စိမ်ထားပါ။
    (၂)ကြက်သားကိုလိုအပ်သလိုအတုံးလှီးဖြတ်ထားပါ။
    (၃)ငုံးဥပြုတ်ထားပါ။
    (၄)နှစ်သက်ရာသီးနှံ(ရွှေပဲ၊မုန်ညင်း၊ဥနီ၊ကြာစွယ်၊ပန်းပွင့်၊ပြောင်းဖူးဘိုစားပဲ)တို့ကို အသင့့်လှီးဖြတ်ထားပါ ။
    (၅)အားလုံးအသင့်ဖြစ်ပါကဟင်းစပ်ပစ္စည်းများအားလုံးကိုအိုးတခုတွင်ထည့့်ပြီးမီးဖိုတွင်အပူပေးပါ ။ကြက်သား၊ငုံးဥ၊ငါးလုံးထည့်ပါ။
    (၆)မာလာခေါက်ဆွဲနှင့်သီးနှံတို့ကိုသီးသန့်ရေနွေးဖျောကာအသင့်တည်ထားသောဟင်းစပ်ပစ္စည်းထည်းသို့ပြောင်းထည့်ကာဆူပွက်အောင်တည်ပါ။(၇)ဆူပွက်ပါကအရသာအပေါ့အငံမြည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ ။

    Crd

Leave a Comment

Shopping Cart
Scroll to Top