ပုစွန်ချဉ်လုပ်နည်း
ပုစွန်အကောင်ချဉ်

သန့်သန့်ရှင်းရှင်းနဲ့ အဝစားလို့ ရတဲ့ ကိုယ်တိုင်လုပ် ပုစွန်ချဉ်နှင့် ငါးလေးချဉ် ပြုလုပ်နည်း

ပုစွန် / ငါးလေး / ငါးခုံးမ / ငါးဖယ် နှစ်သက်ရာလုပ်စားလို့ရပါတယ်

ပြုလုပ်နည်း
************
ပုစွန်သေးသေး ၂၀ သားကို ခေါင်းဖြုတ်ပြီး ရေစင်အောင်ဆေးပါ။

ဇကာနဲ့ရေ ခဏစစ်ထားပြီး ဆားကို ခါတိုင်းဟင်းချက်တာထက် နဲနဲပိုထည့်ပြီး နှံ့အောင်နယ်ပါ။

နာရီဝက်လောက် ရေစစ်ထားပြီး ထမင်းပူပူနဲ့ ဆားနယ်ထားတဲ့ပုစွန်ကို ရောနယ်ပေးပါ။

နယ်ပြီးရင် ခြောက်သွေ့သန့်ရှင်းတဲ့ အနေတော် ဖန်ပုလင်းထဲကို ဖိသိပ်ပြီးထည့်ပါ။

ပုလင်းပြည့်အောင် အပေါ်ကနေ ဝါးရွက် ငှက်ပျောရွက်ဖိထည့်ပြီး လေလုံအောင်အဖုံးဖုံးကာ တစ်ည ထားလိုက်ပါ။

နောက်တနေ့အဖုံးဖွင့်ပြီး ပန်ကန်ပြားပေါ်မှောက်ထားပေးပါ။ ပုစွန်ချဉ်ပုလင်းမှ ထွက်ကျလာသော အရည်များကို နေ့တိုင်းသွန်ပစ်ပေးပါ။

အဲဒီအတိုင်း ၂ ရက် ၃ ရက်ထားပြီးရင် ပုစွန်ချဉ် ရပါပြီ။ ချဉ်ပြီးမှ ရေခဲသတ္တာထဲထည့်ပါ။

ငါးချဉ်ကို အိမ်မှာတော့ ငါးခုံးမနဲ့လုပ်ပြီး ရေစစ်ရင် အပေါ်ကနေ အလေးတခုခုနဲ့ ဖိထားရပါတယ်။

ကျန်တာတော့ ဒီနည်းအတိုင်းပဲ လုပ်ပါတယ်။ ပုစွန်ချဉ်သုပ်ကို ကြက်သွန်နီ၊ ဆီ၊ ငရုတ်သီးအကျက်မှုန့်၊ ရှမ်းနံနံ၊ စပါးလင်နဲ့ ရောပြီးသုပ်စားပါတယ်။

Credit

2 thoughts on “ပုစွန်ချဉ်လုပ်နည်း”

  1. Member Hub

    ကြက်သွန်ချဉ်, ဘိတ်ချဥ်
    ——————————-

    1. ကြက်သွန်ချဉ်

    ပါဝင် ပစ္စည်းများ
    ————–
    ၁။ ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ )
    ၂။ ငရုတ်တောင့်ရှည် ( ခပ်ထူထူ လှီးထားပါ )
    ၃။ ရှာလကာရည်
    ၄။ ငံပြာရည်
    ၅။ ဟင်းခပ်မှုန့် ( မထည့်လဲရ )

    ပထမဆုံး
    ရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့်တို့ကို
    ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီး
    မိမိ စိတ်ကြိုက် အရသာ အချို အငံ စပ်လိုက်ပါ။

    ဟင်းခပ်မှုန့်- မကြိုက်သူများ မထည့်ရင်လဲ ရ
    (ဟင်းခပ်မှုန့် ပါရင် အရသာ ပိုကောင်းရုံမျှမက
    အချဉ်ဓါတ် ထိန်းပြီးသားဖြစ်)

    ငရုတ်, ကြက်သွန် ထည့်ထားတဲ့ ပုလင်းထဲ
    ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ။

    ၃ ရက်ဆိုရင် စ စားလို့ရပါပြီ။
    ချဉ်ချဉ်လေး စားချင်ရင်တော့ တစ်ပတ်ထိ ထားပါ။

    မိမိ စိတ်ကြိုက် အချဉ်အရသာ ရပြီ ဆိုရင်တော့
    ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

    Note: ကော်ဗူးနဲ့ စိမ်တဲ့အခါ
    ကြာရင် ကော်နံ့ ထွက်တတ်တာမို့
    ဖန်ပုလင်းနဲ့ စိမ်ပါ
    👉ရေ မရောရပါ

    2. ဘိတ်ချဉ်
    —————
    ၁။ ကြက်သွန်ဖြူ ဥတစ်လုံး
    ၂။ ငရုတ်သီးစိမ်း
    ၃။ ရှာလကာရည်
    ၄။ ငံပြာရည်
    ၅။ ဟင်းခပ်မှုန့်
    အားလုံးရောပီး စိမ်ထားရုံပါပဲ။

    crd

  2. Member Hub

    Home made ပုဇွန်ချဉ်

    ပုဇွန်ကို ခေါင်းချိုးပီး
    ရေစင်စင်ဆေးပါ
    ပုဇွန် ၃ဆ ထမင်းပူပူ ၂ ဆ
    ဆားအနည်းငယ်နဲ့ နယ်
    👉 ထမင်းပူပူက အဓိက / မပူရင် ပုတ်ဆော်နံပါတယ်။
    ပြီးရင် ပုလင်းသန့်သန့်မှာထည့်
    နောက်ရက်ကျရင်တော့ ပုလင်းကိုအဖုံးဖွင့် ပုဂံပြားခံပြီး မှောက်ထားပါ။
    ထွက်လာတဲ့ အရည်တွေကို သွန်ပစ်ပါ။
    ဆားပေါ့ရင် ၄ ရက်ဆိုချဥ်ပါတယ်။
    ဆားလေးရင်တော့ ၅ရက်မှာချဥ်ပါတယ်။

    crd

Leave a Comment

Shopping Cart
Scroll to Top