စွန်ထန်လုပ်နည်း
အရင်ဆုံးမုံညှင်းကိုဆားနဲ့နယ်ဆေးပြီး
 ထမင်းရည်လေးနဲ့အချဉ်တည်ပါမယ်။
မုံညှင်းတွေချဉ်သွားပြီဆိုရင်
 အဲ့ဒီမုံညှင်းချဉ်အရည်နဲ့ပဲပြန်ကျိုရပါမယ်။
👉 ဒုတိယအကြိမ်ပြန်နစ်တဲ့အခါသုံးဖို့
 မုန်ညှင်းချဉ်ရည်နဲနဲချန်ထားပါ။
 အရည်တွေအကုန်ကျိုမပစ်ပါနဲ့။
ကျိုပြီးသွားပြီဆိုရင် နေလှန်းပါ။
 နေလှန်းရလွယ်အောင် မုံညှင်းကိုအချဉ်တည်တဲ့ခါ
 မုံညှင်းကိုရှည်ရှည်လေးတွေသင်ပြီးမှတည်ပါနော်။
 အဲ့ဆို လှန်းတဲ့အခါ ကြိုးတန်းလုပ်ပြီးလှန်းရုံ။
လှန်းတာမခြောက်တခြောက်အနေထားမှာ
 အချဉ်တည်ထားတုန်းက မုံညှင်းချဉ်ရည်လေးနဲ့
 နောက်တစ်ခါပြန်နစ်ပြီး ထပ်လှန်းပါမယ်နော်။
 ဒီတစ်ခါက မုံညှင်းချဉ်ရည်နဲ့နစ်ရုံလေးနစ်ရမှာပါ။
 ပြန်မကျိုရတော့ဘူးနော်။
စွန်ထန်အခွေလေးတွေလိုချင်ရင်တော့
 လှန်းတဲ့အချိန်မှာ
 အခွေလေးတွေလိတ်ပြီးမှလှန်းပါ။
 အရှည်လိုက်လေးလိုချင်ရင်တော့
 ဒီတိုင်းလေးပဲ ကြိုးတန်းမှာချိတ်လှန်းရပါမယ်နော်။
လှန်းထားတာတွေခြောက်သွားပြီဆိုရင်တော့
 စွန်ထန်ချဉ်ချဉ်လေးရပါပြီ။
Crd