ခေါက်ဆင့်လုပ်နည်း
——————

ပါဝင်ပစ္စည်း

ပလာတူငါး ကြော်
မုန့်ဖတ်
ဇလပ်၊သခွားသီး၊ဥနီ
ပူစီနံ(မထည့်လည်းရ)

💞 အချည်ရေ စပ်နည်း
——————
ပါဝင်ပစ္စည်း

ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊နံနံပင်၊ သံပုရာသီး၊ ဆား၊
ဟင်းခတ်မူန့်

အချည်ရည်လုပ်နည်း
——————
ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းကို ထောင်းပါ(အစပ်ကြိုက်လျှင် ငရုပ်သီးများများထည့်ထောင်းပါ။
ပြီးလျှင် သံပုရာရည်ညစ်ထည့်
ဆားနှင့် ဟင်းခတ်မူန့်ထည့်ပြီး အချည်ရည် အပျစ် အကျဲပေါ်မူတည်ပြီး ရေအနည်းငယ် ရောပါ။
အရသာအနေတော် ချည်စပ်လေးဖြစ်ပြီဆိုလျှင်
နံနံပင်လေး ပါးပါးလှီးပြီး ထည့်ပြီးလျှင် ရပါပြီ။

Crd

1 thought on “ခေါက်ဆင့်လုပ်နည်း”

  1. Member Hub

    ရှမ်းခေါက်ဆွဲ အရည်နှောက်(OR)
    ခေါက်ဆင့် ချက်နည်း

    ပါဝင်ပစ္စည်း
    1.ဝက်ရိုးနံရိုး
    ,ဝက်သွေးခဲ.ဝက်သား( သုံးထပ်သား)
    (#ဝက်သားမစားသူကြက်နဲ့ချက်လို့ရပါတယ်)
    2.ဆန်ခေါင်ဆွဲဖက် နှင့် ခေါက်ဆင့်(နန်းကြီးခေါက်ဆွဲအသေး)
    ၄.ပဲပုတ် အနည်းငယ်(or)မြေပဲ အနည်းငယ်၊ နှမ်း
    5.ကြက်သွန်နီ များများ
    ခရမ်းချဥ်သီး၊
    ကြက်သွန်ဖြူအနည်းငယ်
    ဂျင်းအနည်းငယ်.ဇပလင်အနည်းငယ်
    6.နံနက်ပင် ၊ကြက်သွန်မိတ်၊သံပုရာသီး

    7.အရောင်တင်မှုန့်၊ငရုတ်သီးအကျက်မှုန့်၊ အစိမ်းမှုန့်

    8.ဆား၊သကြား၊ ပဲငံပြာရည်အကြည်၊အချိုမှုန့်(ဟင်းချင်မှုန့်-ကြက်သားမှုန့်)

    ချက်နည်း👇

    #ပထမဆုံး
    ဝက်သားသုံးထပ်သား(or)ကြက်သားကို လက်တစ်ဆစ်ကျော်အတုံးလေးတွေတုံးထားပြီး ဂျင်းရည်အနည်းငယ်,ဆား,ချိုမှုန့်,ငံပြာရည်အနည်းငယ်,အရောင်တင်အနည်းငယ်,ငရုတ်ခြောက်အစိမ်းမှုန့်နဲ့
    နယ်ပြီး ၁၅မိနစ်လောက်နှပ်ထားပါ

    👉ကြက်သွန်နီ ကြက်သွန်ဖြူကိုအသင့်ကြိတ်၊ခရမ်းချဥ်သီးကိုလည်းပါးပါးလှီးထားပါမယ်

    👉နံနံ,ကြက်သွန်မိတ်ကိုရေစင်အောင်ဆေးပါးပါးလှီးပြီး ပန်းကန်သန့်သန့်ထဲ
    တစ်ပုံဆီထည့်ပါ

    👉တွဲဖက်ထည့်စားမဲ့မိမိနှစ်သက်ရာ
    ပဲပင်ပေါက်, ရွှေပဲရွက်, ကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါမယ်
    လက်ပံ့ခြောက်ကိုတော့ (ရေနွေးနဲ့ လိုအပ်သလိုဖျောပြီး ရေစစ်ထားပါ)

    👉နှမ်းလှော်မွှေးမွှေးလေးကိုအသင့်
    ထောင်းထားပြီး ပန်းကန်ထဲထည့်ထားပါ

    ဟင်းရည်အိုးကြီးကြီးထဲရေထည့်တည်ပြီး ဂျင်းနဲ့ဇပလင်အနည်းငယ်ကိုကြိတ်
    ထည့်ကာဝက်နံရိုးနဲ့ဝက်သွေးကိုရောပြုတ်ထားပါမယ်
    (ဟင်းချက်မှုန့်,ကြက်သားမှုန့်,အချိုမှုန့် ကြိုက်ရာထည့် ဆားထည့်)
    ဟင်းရည်အိုးအဖုံးကို ဖွင့်ထားပါ

    ဒုတိယ အနေနဲ့
    နောက်ထပ်ဒယ်အိုးတစ်လုံးဖြစ်
    ဆီတည်ကာ ဆီကျက်လာရင်
    အသင့် ကြိတ်ထားတဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကိုဆီတက်ပြီးအနံ့မွှေးလာပြီးအရောင်နည်းနည်းဝါလာရင် လှီးထားတဲ့ ခရမ်းချဥ်သီးကိုလိမ့်နေအောင်တည်ပေးရပါမယ်(အနှစ်များချင်ရင်ကြက်သွန်နီများများကြိတ်ထည့်ဆီတက်ပါ)
    ခရမ်းချဥ်သီးလိမ့်သွားရင်ပဲပုတ် မီးဖုတ်ထောင်းထားတဲ့အမှုန့်ထည့်ပါမယ် (#ပဲပုတ်မကြိုက်ရင်မတည့်ရင်ပဲပုတ်အစားမြေပဲအကျက်ကိုထောင်းပြီးများများထည့်ချက်လို့ရပါတယ်
    )
    ပြီးရင် အသင့်နှပ်ထားတဲ့ အသားတုံးလေးတွေထည့်ပြီး အသာအရာ အိုးမကပ်အောင် မီးနည်းနည်းလျှော့ ဆီတက်ပေးပါ ပြီးနောက် အသားနူးစေရန် ရေနည်းနည်းထည့်လိုက် အိုးကို အသာယာမွှေလိုက်နဲ့ အသားအိုးမကပ်အောင်အသားကျက်တဲ့ထိချက်ပေးပါ

    တတိယ အနေနဲ့
    အသားဆီချက်တာကျက်သွားပြီဆိုရင်
    ပထမတည်ထားတဲ့ အရိုးပြုတ်ရည်ထဲကအတူထည့်ပြုတ်ထားတဲ့ သွေးခဲကိုဆယ်ပြီး ဆီချက်ထားတဲ့ အသားနှစ်တွေ ဟင်းရည်အိုးကြီးကြီးထဲ လောင်းထည့်လိုက်ပါပြီးရင် ဟင်းရည်အိုးကို ဆက်တည်ထားပါ ပြန်ဆယ်ထားတဲ့ သွေးခဲကို လက်တစ်ဆစ်ခွဲစာအရွယ်ငယ်အတုံးတွေ တုံးပြီး ဟင်းရည်အိုးထဲ ပြန်ထည့်တည်ပါ။(အိုးကို အဖုံးအပြည့်မဖုံးရပါ)

    ဟင်းရည်အိုး အရည်ကျရင်👇

    မိမိ နှစ်သက်ရာ ရှမ်းခေါက်ဆွဲဖက်
    (Or)ခေါက်ဆင့်ဖက်ထဲကို
    ဟင်းရည်ထည့်ပြီး
    နှစ်သက်ရာ ( ပဲပင်ပေါက်, ရွှေပဲရွက်,မုန်ညှင်းရွက်,လက်ပံ့ခြောက်
    ထည့်(ရေနွေးထက်ဖျော)ပြီး
    နံနံ,ကြက်သွန်မိတ်, နှမ်းထောင်း,ငရုတ်သီးမှုန့်,
    အချဥ်ကြိုက်ရင်သံပုရာသီးလေးညစ်ထည့်ပြီး
    ခက်မူ(ဝက်ခေါက်လေး)နဲ့
    သုံးဆောင်နိုင်ပါပြီ

    Crd

Leave a Comment

Shopping Cart
Scroll to Top