ပေါင်းအိုးနဲ့ချက်တဲ့ ဒံပေါက်
လိုအပ်တဲ့ပစ္စည်းတွေကတော့
 ဒန်ပေါက်ဆန်
 နို့စိမ်း
 ထောပတ်
 ပဲစိမ်း
 စပျစ်စေ့ခြောက် (ကြိုက်မှထဲ့)
 သီဟိုစေ့ (ကြိုက်မှထဲ့)
 ဆား
 ကြက်သားမှုန့်
 ဆီ
 ကြက်သွန်ကြော်
 ဒန်ပေါက်အရောင်ဆေးရည်
 ဒန်ပေါက်မဆလာ
 (ဖာလာစေ့.နာနတ်ပွင့်.သစ်ဂျပိုးခေါက်..ကရဝေးရွက်.)
 ….
 ဒန်ပေါက်ဆန်ကို ရေဆေးပီး နာရီဝက်ခန့်ရေစိမ်ထားပါ
ရေနွေးအိုးကို အိုးကြီးကြီးနဲ့ကိုယ်ချက်မယ့်အချိုးအစားပေါ်မူတည်ပီး ရေများများနဲ့ဆူအောင်တည်ပါ..
(ရေထဲကို သစ်ဂျပိုးခေါက် ဖာလာ နာနတ် ကရဝေး အနည်းငယ်နဲ့ဆါးနည်းနည်းထည့်ပြုတ်ပေးပါ)
ရေဆူလာရင် စိမ်ထားတဲ့ဆန်ကိုထည့်ပီး မွှေပေးပါ
ဆန်ကရှည်ထွက်လာပီး မာတင်းတင်းလေးဆိုရင် ရေစစ်ပီး ပေါင်းမယ့်အိုးထဲကိုထည့်ပါ..
ပီးရင်
 ထောပတ်အပူပေးထားတာကိုလောင်းထည့်ပါ နို့စိမ်း
 သီဟိုစေ့ စပျစ်သီး ပဲစိမ်းတွေကိုထည့်ပါ
 ဆား သကြား ကြက်သားမှုန့်ကိုလည်း ချက်တဲ့ဆန်ပေါ်မူတည်ပီးထည့်ပေးပါ..
 ပီးရင် အပေါ်ကနေ ဒန်ပေါက်အရောင်ကို ကွက်ကြားလောင်းထည့်ပေးပါ.
 အရောင်ထည့်ပီးရင် ကြက်သွန်ကြော်နဲ့ဒန်ပေါက်မဆလာကို အပေါ်ဆုံးကနေတင်ပီး ဆီအနည်းငယ်လောင်းထည့်လိုက်ပါ…
 ပီးရင် မီးခလုတ်နှိပ်ပီ ၄၅မိနစ်ဆိုကျက်ပါပီ…
#့ကြက်သားကိုတော့ ညတည်းက ဒိန်ချဉ်ရယ်မဆလာရယ်အချိုအငံနဲ့နယ်ပီးရေခဲသေတ္တာထဲနှပ်ပါ
 မနက်ကျရင် ကြက်သွန်ဖြူနီဆီသတ်ပီး အရောင်မှုန့်ထည့်ပီး ကြက်သားချက်ပါ…ကြက်းသားကျက်ပီဆိုရင် ကြက်သွန်ကြော်တွေကိုများများထည့်ပီး မဆလာထည့်လိုက်ရင် ရှယ်ကြက်သားဟင်းနဲ့ဒန်ပေါက်ရပါပီ
 ..
crd