ဒိန်ချဉ်ပြုလုပ်နည်း

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။
ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။
ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။

ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။
လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။

ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ။
အခန်းအပူချိန်မှာပဲ ထားရမှာပါ။
၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။
သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။
အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။
အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။

အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ်။
အချိုးအဆကတော့ နွားနို့ ၁ပိဿာ အချဉ် ၁ ဇွန်းပါ
ဒိန်ချဉ်ဖြစ်ပြီိဆိုရင် ရေခဲသေတာထဲမှာ
အကြာကြီးထားလို့ ရပါတယ်။

crd

Leave a Comment

Shopping Cart
Scroll to Top