Dessert directory

စမိုင်လုပ်နည်း ~~~~~~~~ ပါဝင်ပစ္စည်း – စမိုင်ထုပ် – နို့ကျိုပြီးသား ရေသန့် ၁ဘူးခန့်လဲ (၅၀ကျပ်သား) – နို့စိမ်း ၁ဘူး – နို့ဆီ အချိုကြိုက်ရင်နဲနဲထည့်ပါ။ – အအီကြိုက်ရင် ချိစ် ၁ပြားထပ်ထည့်ပါ။ – စပျစ်သီးခြောက်/ သီဟိုဠ်စေ့ခြောက်/ almond စေ့ခြောက် ကြိုက်ရင် ထပ်ထည့်လို့ရပါတယ်။ ************************** #စမိုင်လုပ်နည်း (၁) ၁။ စမိုင်ခြောက် (ကြာဇံခြောက်) ကို ထောပတ်လိုသလောက် ထည့်ကာ အရင်ဆုံး လှော်ပြီးနောက် သီးသန့် ဖယ်ထားရမည်။ ၂။ ရေကို ဆူအောင် တည်ပြီးပါက အုန်းနို့စိမ်း ၂ ကီလိုဂရမ်၊ လှော်ထားသော မြေပဲ ချိန်ဆထည့် နို့ဆီ ၁ ဗူး၊ နို့စိမ်းဗူး ၂ …

စမိုင်လုပ်နည်း Read More »

အာလူးကက်သလိပ်ကြော် အာလူးအရင်ပြုတ် ဂျင်းကြက်သွန်ဖြူ ဆား နဲ့ထည့်ထောင်း ပြီးရင်ကော်မှုန့်ထည့် ဆန်မှုန့်ကောက်ညင်းမုန့် ထည့်( ဆန်မှုန့်များရင် မာတယ် ) လုံးတဲ့အချိန် ရေနဲနဲလက်မှာဆွတ် လုံး အလယ်အပေါက်ဖောက် မရိုးနိစ်တို့ချိစ်တို့ထည့်ပိတ် ပြီးကြော်ရင်တအား ဇွန်းနဲ့မမွှေနဲ့ တို့စားဖို့ အချဉ် မကျည်းသီးရည်ကို ငရုပ်သီးစိမ်း ကြက်သွန်ဖြူထောင်းထည့် နံနံပင်ရယ် ဆားသကြားထည့်ရင်ရပြီ crd LilyNge

ဒိန်ချဉ်ပြုလုပ်နည်း နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။ အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။ ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။ အချဉ်ထည့်ချိန်မှာ …

Yogurt – ဒိန်ချဉ်ပြုလုပ်နည်း Read More »

ရေခဲမုန့်လုပ်နည်း -ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလို နို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။ နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။ -နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။ နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့ ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။ -ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊ ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကို ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။ -ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။ သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။ မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။ -ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။ အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ ၄နာရီလောက်ထည့်ပြီးအအေးခံပါ ။ -ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး သစ်သီးမွှေစက် (Blender)ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။ -တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင် ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။ -ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။ …

ရေခဲမုန့်လုပ်နည်း Read More »

လက်ဖက်ချဥ်စပ်နှပ် လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ လက်ဖက်အညွှန့်နှပ် လက်ဖက်အညွှန့်လေးတွေကို ရေနွေးပူပူထဲစိမ်ပြီး ချက်ချင်းပြန်ဆယ်ကာ ရေဆေးပြီးညှစ်ချထားပါ ဆား ပုစွန်ခြောက် အချိုမှုန့် ဆီထည့်ကာစိမ်ပါ ငရုတ်လက်ဖက်နှပ် ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ လက်ဖက်ကို ရေနဲ့ဖွဖွဆေးပြီး ရေကုန်သွားအောင် အားနဲ့ညှစ်ချပါ ဆား အချို့မှုန့် သံပုရာရည် ငရုတ်ထောင်းတို့ကိုထည့်ပြီး နှံအောင်မွှေပါ ပြီးမှဆီထည့်ပြီးစိမ်ပါ လက်ဖက်အညက်နှပ် လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ဆား အချိုမှုန့် ဆီပါရုံထည့်ပြီး လုံးထားပါ စားခါနီးလိုသလောက်ထည့်ပြီးသုပ်ပါ လျှာဂျွမ်းပြန်လက်ဖက်အစပ်နှပ် လက်ဖက်ကိုရေဆေးပြီး ရေစင်အောင်ညှစ်ပြီး ညက်နေအောင်ထောင်းထားပါ ငရုတ်သီးကြက်သွန်ဖြူကို ညက်နေအောင်ကြိတ်ထားပါ ထောင်းထားတာတွေအကုန်ရောပြီး ဆား ဆီ အချိုမှုန့်ရောပြီး အလုံပိတ်ဗူးထဲထည့်နှပ်ပါ Crd

ပုသိမ် ဟာလဝါလုပ်နည်း ပါ၀င်သောပစ္စည်းများ (ဗန်း အသေး ၁ ဗန်းစာ) ၁။ ကောက်ညှင်းမှုန့်- ၃ ခွက် ၂။ ရေ – ၄ ခွက် ၃။ အုံးနို့- ၁ ဗူး (400 ml) ၄။ နွားနို့- အုံးနို့နှင့် ဆတူ (အုံးနို့ထည့်ပြီး အဲ့ဒီသံဗူးနဲ့နွားနို့ကို ချိန်ထည့်ပါ။) ၅။ ဆား – လက်ဖက်ရည်ဇွန်း တ ၀က် ၆။ သကြား – ၁ ခွက် ၇။ ညောင်စေးကျအောင် ကျိုထားသော ကြံသကာရည် – ၁ ခွက် ၈။ ဆီ – ခွက် တ ၀က် (သို့) ထမင်းစားဇွန်း …

ပုသိမ် ဟာလဝါလုပ်နည်း Read More »

👉 ဒူးရင်းသီးဝယ်ရင် (၁) ဒူးရင်းသီးရဲ့ဆူးတွေဟာတိုနေရပါမယ်။ (၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။ (၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။ ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့ ဒူးရင်းသီးအများစုဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးပါ။ 👉 ဒူးရင်းသီးမှည့် မမှည့်ဆိုတာ (၁) ဒူးရင်းသီးကိုနမ်းကြည့်ပြီး မှဲ့မမှဲ့သိနိုင်ပါတယ်။ လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီ ဆိုတာ သိနိုင်ပါတယ်။ (၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာ အတွင်းကအဆံဟာ မသိမသာလေး ချောင်နေတာကိုသိထားရပါမယ်။ Credit

မုန့်စိမ်းပေါင်းပြုလုပ်နည်း -မုန့်စိမ်းပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။ ငစိန်ဆန်တစ်ပြည်ကိုရေစင်စင်ဆေးပြီးကြိတ်ဆုံမှာကြိတ်ပါ။ မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ပါ။ ရေစစ်သွားတဲ့အခါ မုန့်သားကို လက်နဲ့နယ်ပြီး လက်ဆန့်သလောက် အလုံးကြီးတွေလုပ်ပါ။ -အောက်ခံအိုးထဲကိုရေထည့်ပြီး အပေါ်မှာ စကာတင်ပြီးမုန့်လုံးတွေထည့်ပေါင်းပါ။ ၁၅ မိနစ်လောက်နေလို့ မုန့်လုံးအပေါ်သားအရောင်ကြည်နေရင် မုန့်ကို ဖိုပေါ်ကချပြီး အအေးခံပါ။ -လက်နဲ့ကိုင်နိုင်တဲ့အနေအထားမှာ တစ်၀က်တစ်ပျက်ကျက်နေတဲ့မုန့်လုံးကို ဆုံထဲထည့်ထောင်းပါ။ ထောင်းပြီးရင် လက်နဲ့ချေပေးပြီး စကာချပါ။ -မုန့်စိမ်းပေါင်းမှာ အဖြူ သားကအဆိမ့်ဖြစ်ပြီး အညို သားက အချိုဖြစ်ပါတယ်။ အဖြူ သားလုပ်ဖို့ မုန့်သားနည်းနည်းဖယ်ထားပါ။ အုန်းသီးတစ်လုံးကိုဦးရည်ညှစ်ပြီး မုန့်သားအဖြူ နဲ့ ပျစ်ပျစ်လေးနယ်ထားပါ။ ပဲလွန်းတစ်ဘူးကိုပြုတ်ထားပါ။ -ထန်းညက် ၅၀ကျပ်သားကိုခပ်ပျစ်ပျစ်ကျို ပြီး ကျန်တဲ့မုန့်သားနဲ့ရောနယ်ပါ။ -မုန့်စိမ်းပေါင်းပေါင်းတဲ့မြေအိုး(ပေါင်းချောင်) or ပေါင်းစကာတွေနဲ့ပေါင်းပါတယ်။ ပေါင်းစကာ/မြေအိုးထဲကို ကပ်ပြားခင်းပြီး ကပ်ပြားပေါ်မှာ ပိတ်စိမ်းပါး(ရှန်သား)ခင်းပါ။ ထောင်းထားတဲ့ မုန့်အညို သားကို စကာနဲ့ရွရွလေးချပါ။ …

မုန့်စိမ်းပေါင်းပြုလုပ်နည်း Read More »

Scroll to Top