Cooking diary

ငရုတ်သီးတောင့်ကြွတ်ကြွတ်လေးကြော်ချင်ရင် ဆီမပူခင် ဆီအိုး စ.တည်ကတည်းက ငရုတ်တောင့်ပါ တခါတည်းထည့် ပီး မီးအေးအေးနဲ့ ကြော်ရပါတယ်အဲဒါမှ မွှေးကြွပ်နေတဲ့ ငရုတ်တောင့်ကြော် ရပါမယ်… ကြော်ပြီးရင်လည်း ဆီစိမ်ထားရင် ငရုတ်တောင့်ကြော်က မပျော့ဘဲကြွပ်ရွနေပါတယ် #Credit 

ခေါက်ဆင့်လုပ်နည်း —————— ပါဝင်ပစ္စည်း ပလာတူငါး ကြော် မုန့်ဖတ် ဇလပ်၊သခွားသီး၊ဥနီ ပူစီနံ(မထည့်လည်းရ) 💞 အချည်ရေ စပ်နည်း —————— ပါဝင်ပစ္စည်း ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊နံနံပင်၊ သံပုရာသီး၊ ဆား၊ ဟင်းခတ်မူန့် အချည်ရည်လုပ်နည်း —————— ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းကို ထောင်းပါ(အစပ်ကြိုက်လျှင် ငရုပ်သီးများများထည့်ထောင်းပါ။ ပြီးလျှင် သံပုရာရည်ညစ်ထည့် ဆားနှင့် ဟင်းခတ်မူန့်ထည့်ပြီး အချည်ရည် အပျစ် အကျဲပေါ်မူတည်ပြီး ရေအနည်းငယ် ရောပါ။ အရသာအနေတော် ချည်စပ်လေးဖြစ်ပြီဆိုလျှင် နံနံပင်လေး ပါးပါးလှီးပြီး ထည့်ပြီးလျှင် ရပါပြီ။ Crd

ရှမ်းခေါက်ဆွဲချက်နည်း ( ၃ ) နည်း ရှမ်းခေါက်ဆွဲအနှစ်ချက်နည်း 🫶🫶🫶🫶🫶 ခရမ်းချဉ်သီးမှည့်မှည့်လေးအစိတ်သားကို အခွံကွဲအက်သည့်အထိပြုတ် ကြက်သွန်နီ အစိတ်သားကို နုပ်နုပ်စင်း(သို့)ကြိတ် ပြုတ်ထားတဲ့ခရမ်းချဉ်သီးလေးကို အခွံနွှာပြီး နုပ်နပ်စင်း(သို့)ကြိတ် နှစ်သက်ရာ အသားကို အနေတော်စင်းပါ (အသားများများကြိုက်ရင် များများထည့်ပါ) နန်း ကတော့ အသားများများမကြိုက်လို့ (ဆယ်နှစ်ကျပ်ခွဲသား)ပဲသုံးတယ် အိုးထဲသို့ ဆီဆယ့်ငါးကျပ်သားထည့်ပြီးပူအောင်တည်ပါ.. နနွင်းအနည်းငယ်ထည့်ပြီး ကြိတ်ထား စင်းထားသောကြက်သွန်နီကို နီညိုရောင်သန်းလာသည်အထိကြော်ပေးပါ… နီညျိုရောငျသနျးလာတဲ့ ကြက်သွန်နီအပေါ်ကို ကြိတ်ထားတဲ့ခရမ်းချဉ်သီး အနစ်လေးကိုလောင်းထည့်ပြီး ဆီတက်အောင်ကြော်ပေးထားပါ.. ပြီးလျှင် စင်းထားတဲ့အသားကို ပြန်ထည့်ပြီး ဆီပြန်အောင်ကြော်ပေးပါ.. ကြော်နေစဉ်မှာ သကြားထမင်းစားဇွန်း(မထည့်လည်းရ)တစ်ဇွန်း ပဲငန်ပြာရည်အနောက်ထမင်းစားဇွန်းသုံးဇွန်းနှင့် ဆားအချိုမှုန့်ထည့်ပေးပါ ဟင်းအနှစ်ဆီပြန်လာပါက ရေကို ဟင်းမြှုပ်အောင်ထည့်ပြီး တစ်ရေ ခန်းအောင်တည်ပြီး ဆီပြန်လာပါက ဟင်းအနှစ်ရပါပြီ… နန်းချက်ထားတဲ့ ဟင်းအနှစ်မှာ အရောင်တင်မှုန့်ကို လုံးဝမသုံးထားပါဘူး.. ဟင်းအနှစ်ကျက်ပြီဆိုပါက …

ရှမ်းခေါက်ဆွဲချက်နည်း ( ၃ ) နည်း Read More »

မာလာဟင်းချက်နည်း မာလာဟင်းအနှစ်ချက်ရန်ပါဝင်ပစ္စည်းများ မာလာဟင်းနှစ်ထုပ် ၁ထုပ် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မာလာဟင်းတွင် ပါဝင်ပစ္စည်းများ ကြက်သားချောင်း ၂ချောင်း မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး ၅၀ဂရမ် (မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်) ပြင်ဆင်နည်း ၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။ ၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။ ၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။ ချက်နည်း ၁။ …

မာလာဟင်းချက်နည်း Read More »

စွန်ထန်လုပ်နည်း အရင်ဆုံးမုံညှင်းကိုဆားနဲ့နယ်ဆေးပြီး ထမင်းရည်လေးနဲ့အချဉ်တည်ပါမယ်။ မုံညှင်းတွေချဉ်သွားပြီဆိုရင် အဲ့ဒီမုံညှင်းချဉ်အရည်နဲ့ပဲပြန်ကျိုရပါမယ်။ 👉 ဒုတိယအကြိမ်ပြန်နစ်တဲ့အခါသုံးဖို့ မုန်ညှင်းချဉ်ရည်နဲနဲချန်ထားပါ။ အရည်တွေအကုန်ကျိုမပစ်ပါနဲ့။ ကျိုပြီးသွားပြီဆိုရင် နေလှန်းပါ။ နေလှန်းရလွယ်အောင် မုံညှင်းကိုအချဉ်တည်တဲ့ခါ မုံညှင်းကိုရှည်ရှည်လေးတွေသင်ပြီးမှတည်ပါနော်။ အဲ့ဆို လှန်းတဲ့အခါ ကြိုးတန်းလုပ်ပြီးလှန်းရုံ။ လှန်းတာမခြောက်တခြောက်အနေထားမှာ အချဉ်တည်ထားတုန်းက မုံညှင်းချဉ်ရည်လေးနဲ့ နောက်တစ်ခါပြန်နစ်ပြီး ထပ်လှန်းပါမယ်နော်။ ဒီတစ်ခါက မုံညှင်းချဉ်ရည်နဲ့နစ်ရုံလေးနစ်ရမှာပါ။ ပြန်မကျိုရတော့ဘူးနော်။ စွန်ထန်အခွေလေးတွေလိုချင်ရင်တော့ လှန်းတဲ့အချိန်မှာ အခွေလေးတွေလိတ်ပြီးမှလှန်းပါ။ အရှည်လိုက်လေးလိုချင်ရင်တော့ ဒီတိုင်းလေးပဲ ကြိုးတန်းမှာချိတ်လှန်းရပါမယ်နော်။ လှန်းထားတာတွေခြောက်သွားပြီဆိုရင်တော့ စွန်ထန်ချဉ်ချဉ်လေးရပါပြီ။ Crd

ပုန်:ရည်ကြီးပြုလုပ်နည်း (၁) ပထမဆုံး ပဲပိစပ်တွေကို ရေနဲ့စင်ကြယ်အောင် အကြိမ်ကြိမ်ဆေးပါ (၂) အိုးကြီးကြီးတစ်လုံးထဲကို ရေစင်အောင်ဆေးထားတဲ့ ပဲပိစပ် ၁ ဆ၊ ရေ ၃ ဆ ထည့်ပြီး ပြုတ် (၃) ပဲတွေနူးအိလာပြီဆိုရင် ဆယ်ယူပါ။ အိုးထဲကျန်ခဲ့တဲ့အရည်တွေကိုတော့ စဉ့်အိုးထဲ လောင်းထည့်ပြီး အချဉ် ဖောက်ပါမယ်။ (၄) အချဉ်ပေါက်ဖို့အတွက် ပုံမှန်အားဖြင့် ၅ ရက်ကနေ ၇ ရက်လောက်အထိထားလေ့ရှိပြီး အချဉ်အရသာ ပိုကြိုက်ရင်တော့ ရက်ကြာကြာ ထားနိုင်ပါတယ်။ (၅) ဒီလိုအချဉ်ပေါက်လာတဲ့ ပဲရည်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင် ပြန်ကျိုရပါတယ်။ ပြန်ကျိုတဲ့အခါမှာ ယောင်းမနဲ့ အဆက်မပြတ်မွှေပေးရပါတယ်။ မွှေတဲ့အခါမှာ လည်း ဒယ်အနှံ့သမအောင် မွှေဖို့လိုပါတယ်။ (၆) မွှေရင်းမွှေရင်းနဲ့ သင့်တော်တဲ့အပျစ် အနေထားရောက်ပြီလို့ ခန့်မှန်းရတဲ့အခါမှာ ဒယ်အိုးကို …

ပုန်:ရည်ကြီးပြုလုပ်နည်း Read More »

မော်လမြိုင် မုန့်ဟင်းခါး ချက်နည်း ငါးကြင်းအသားတုံးကို မျှင်ငပိလေးနဲ့ ဆုပ်ပြီးနယ်ပါ ပြီးရင် စပါးလင် ၅ချောင်းကို အပေါ်ပိုင်းက အရွက်တွေ ဖြတ်ပြီး ပြုတ်အိုးလေး အောက်ကံခံပြီး ခင်းလိုက်ပါ ငါးနယ်ပြီးသား အတုံးတွေရယ် ငံပြာချိုရည် နနွင်းလေးရယ် ရောထည့်ပေါင်းလို့ ပြုတ်လိုက်ပါ ကျန်တဲ စပါးလင်အနုလေးတွေကို ခပ်သေးသေး လှီးပြီး ကြက်သွန်နီ ၅တက် အဖြူ အတက်အကြီး တလုံး ဂျင်းလက်နှစ်ဆစ် လောက်ကို ရေဆေးပြီး ထောင်းလိုက်ပါ ငှက်ပျောခေါင်းတွေ့လို့ ဝယ်လာပြီး ဘေးက အကြောရင့်တွေ ဖယ်ပြီး အနေတော်လှီးကာ နနွင်းနဲ့ သပ်သပ် ပြုတ်ထားပါ ခဏလေးပဲ ပြုတ်ပါတယ် အရမ်းနူးရင် အချိုပေါ့လို့ပါ ပြုတ်ပြီးသား ငှက်ပျောခေါင်း အတုံးလေးတွေကို ရေဆေးထားလိုက်ပါ ကြက်သွန် ဥ အသေးလေးတွေ ၅၀သါး …

မော်လမြိုင် မုန့်ဟင်းခါး ချက်နည်း Read More »

ကြက်သား ကြာဆံချက် (ပွဲ ၁၀ဝ စာ) ကြာဆံချက်ချက်တော့မယ်ဆိုရင် အဓိကအကျဆုံးကတော့ ကြက်ပြုတ်ရည်ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ ပဲကြာဆံ – ၁ ပိဿာ ကြက်သား – ၂ ပိဿာ ကြက်ရိုး – ၁ ပိဿာ ငါးဖယ် – ၁ ပိဿာ ငုံးဥ – အလုံး ၂၀ဝ ကြက်သွန်နီဥသေး – ၂ ပိဿာ မှိုခြောက် – ၁၀ ကျပ်သား ပန်းခြောက် – ၁၀ ကျပ်သား ပဲလိပ် – ၁၀ ကျပ်သား ငရုတ်ကောင်းလှော် – ၂ ၁/၂ ကျပ်သား အရောင်တင်မှုန့် – ၁၅ ကျပ်သား ကြက်သွန်ဖြူ …

ကြက်သားကြာဆံဟင်းခါးချက်နည်း Read More »

ယိုးဒယား သင်္ဘောသီးထောင်း၊ပုဇွန်အစိမ်းထောင်း၊ထိုင်း Styleပြောင်းဖူးထောင်း ၊ရေဘဝဲ / ကင်းမွန်ထောင်း နည်း(၄)မျိုးလုပ်နည်း (1).ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း ပါ၀င်ပစ္စည်းများ သင်္ဘောသီးစိမ်း – အနေတော် တလုံး ပုဇွန်ခြောက် – အကောင် ၂၀ခန့် မြေပဲလှော် – အစေ့၂၀ခန့် ငရုတ်သီးစိမ်း – ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ ထန်းလျှက်ခဲ – ကွမ်းသီးဆံအလုံးလောက် ၃ခဲ ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ ဆား – လက်ဖက်ရည်ဇွန်း တ၀က်သာသာ ပဲတောင့်ရှည် – ၃တောင့် မရှိလို့မထည့်ထားပါ ခရမ်းချဉ်သီး – ခပ်ကြီးကြီး တလုံး သံပုရာသီး – တခြမ်း ပြင်ဆင်ပုံ သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။ …

သင်္ဘောသီး၊ ပုဇွန် ထောင်းနည်းများ Read More »

ဆီချက်ခေါက်ဆွဲ(ကြက်/ဝက်၊ဘဲ၊အမဲသားလွှာ) ၁။👉အသားပြုတ်မယ်(ဝက်နံရိုး၊ကြက်ပေါင်း၊ဘဲပေါင်း၊အမဲသားလွှာ၊ဝက်သားကင်၊ကြက်သားကင်တို့နှင့်လဲတွဲ၍တည်ခင်းနိုင်သည်) အသားတွေအရင်ဆုံးရေဆေး ရေစစ်ပြီး ၊ (ဆား၊သကြား၊အရသာမှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတစ်ပြား၊ကြက်သွန်ပင်အရင်း၊ဟင်းချက်ဝိုင်၊ငရုတ်ကောင်းမဲ၊ပဲငံပြာရည်အကြဲရည်၊အနောက်ရည်နဲ့ခရုဆီ ကြိုက်ရင်ထည့်ပါ၊နှမ်းဆီမွှေးအနည်းငယ်)တို့နှင့်အရသာနယ်ပြီး ဆီမပါ(သို့)ဆီအနဲငယ် နှင့် အသားတုံးကိုအိုးနဲ့ကပ်ပြီးကင်) ခနလုပ်ပြီး ရေကိုအသားမမြုတ်တမြုတ်ထည့်ကာ အဖုံးအုပ် မီးအနေတော်နဲ့ပြုတ်ပါ) ၂။👉ဆီချက်ဆီ အသားတည်ထားတုန်း ကြက်သွန်အဖြူဥသေးလေးတွေကိုအခွံပါထောင်းထားပါ ကျေအောင်မထောင်းရ ဆီနဲ့တူးအောင်ကြော်ပြီး ဆီပဲသတ်သတ်စစ်ပြီးယူထားပါ။(ဘဲဆီ၊ဝက်ဆီစားရင်သုံးနိုင်သည်) ၃။👉 ဆီချက်ခေါက်ဆွဲ/ဂျုံခေါက်ဆွဲပြားသေး ဆီချက်ခေါက်ဆွဲလုပ်တဲ့ခေါက်ဆွဲကို ရေကိုဆီနဲ့ဆားနဲ့ထည့်ပြီးပွက်ပွက်ဆူမှ ခေါက်ဆွဲထည့်ပြုတ်မယ်၊ခေါက်ဆွဲကိုအရမ်းမပျော့ခင်ဆယ်ယူပြီးရေအေးနဲ့ဆေးဆီနဲ့ဖွနယ်ထားပါ၊ (စားခါနီးမှရေနွေးနဲ့ချက်ခြင်းဖျောပြီးပန်းကန်ထဲအရသာထည့်မွှေပါ) ၄။👉ဆီချက်ခေါက်ဆွဲအချဉ် ကြက်သွန်နီ/ဂေါ်ဖီ အချဉ် အချဉ်အတွက် ကြက်သွန်နီ/ဂေါ်ဖီ ပါးပါးလှီးထားမယ်၊ (ငရုတ်သီးစိမ်းအတောင့်လိုက်ကို ရှာလကာရည်၊ရေ၊သကြား၊ဆားတို့နဲ့ အချိန်ရရင် အချဉ်စိမ်ထားပါ) ငရုတ်သီးစိမ်းချဉ်တွေလှီးထားပါ၊ Chilli Sauce တစ်မျိုးမျိုးကို ကြက်သွန်စိမ်း ၊ ငရုတ်သီးချဉ်တို့နဲ့ အချဉ်လုပ်ထားပါ။ကြက်သွန်မြိတ်ပါးပါးလှီးထားပါ (အဖြူမြိတ်၊အနီမြိတ်နှစ်မျိုးလုံးသုံးနိုင်သည်) ၅။👉ပဲငံပြာရည်ကြို ပဲငံပြာအကြဲရည်(ခေါင်းစိမ်း)၊ခရုဆီကို ပဲငံပြာရည်ရဲ့သုံးပုံတစ်ပုံပဲထည့်၊အရသာချိုမှုန့်၊အနံ့နဲတယ့်ထန်းလျက်နဲနဲလောက်ထည့်ကြိုပြီး အအေးခံထားမယ်။ ၆။👉ဟင်းရည် ဟင်းရည်ကို အထူးတလည်လုပ်မယ်ဆိုရင်လဲအရိုးသတ်သတ်ပြုတ် အသားပြုတ်ထားတာရရင် အဲ့အရည်ကိုစစ်ယူပြီး ပြန်ရော …

ဆီချက်ခေါက်ဆွဲလုပ်နည်း Read More »

Scroll to Top