ပုသိမ် ဟာလဝါလုပ်နည်း
ပါ၀င်သောပစ္စည်းများ (ဗန်း အသေး ၁ ဗန်းစာ)
 ၁။ ကောက်ညှင်းမှုန့်- ၃ ခွက်
 ၂။ ရေ – ၄ ခွက်
 ၃။ အုံးနို့- ၁ ဗူး (400 ml)
 ၄။ နွားနို့- အုံးနို့နှင့် ဆတူ (အုံးနို့ထည့်ပြီး အဲ့ဒီသံဗူးနဲ့နွားနို့ကို ချိန်ထည့်ပါ။)
 ၅။ ဆား – လက်ဖက်ရည်ဇွန်း တ ၀က်
 ၆။ သကြား – ၁ ခွက်
 ၇။ ညောင်စေးကျအောင် ကျိုထားသော ကြံသကာရည် – ၁ ခွက်
 ၈။ ဆီ – ခွက် တ ၀က် (သို့) ထမင်းစားဇွန်း ၈ ဇွန်း
 ၉။ အရည်ပျော်နေသော ထောပတ် – ခွက်လေးပုံ သုံးပုံ (သို့) ထမင်းစားဇွန်း ၁၂ ဇွန်း
 ၁၀။ ဘိန်းစေ့- ခွက် လေးပုံ တ ပုံ (သို့) ထမင်းစားဇွန်း လေးဇွန်း
ပြုလုပ်နည်း
 ၁။ ထမင်းပေါင်းအိုးထဲကို ကောက်ညှင်းမှုန့်၊ရေ နှင့် ဆားကို ထည့်ရ်ျ ကောက်ညှင်းမှုန့်ကို အရည်ဖျော်ပါ။ ထို့နောက် ထမင်းချက်သလို ချက်ပါ။
 ၂။ ကျက်လျှင် ထမင်းပေါင်းအိုးထဲသို့အုံးနို့၊နွားနို့၊ ကြံသကာရည်၊ဆီ၊ ထောပတ်၊သကြားတို့ကို ထည့်ရ်ျ သမအောင်မွှေ ပြီး နောက်တခေါက် ထပ်ချက်ပါ။
 ၃။ ဒုတိယတခါကျက်လျှင် မကပ်သော ဒယ်အိုးထဲသို့ပြောင်းရ်ျ မီးဖိုပေါ် တင်ပါ။ ဘိန်းစေ့ထည့်ပြီး ဆီပြန်လာသည်အထိ မွှေပါ။ (၁၅ မိနစ်ခန့်မွှေ၇ပါတယ်။)
 ၄။ ဆီပြန်လာလျှင် အအေးခံပြီး သုံးဆောင်နိုင်ပါပြီ။
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
 ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
 (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
Crd To Original Uploader