ကြက်ဆီထမင်းချက်နည်း
ကြက်သားကို ဆား/ ကြက်သားမှုန့်နယ်ပြီး ပြုတ်ပါ။
ဂျင်းပြား/ ကြက်သွန်ဖြူ/ နံနံပင်အမြစ်ထည့်ပါ။
ကြက်သားတွေ နူးလာရင်ချပါ။ ကြက်ပြုတ်ရည်ကို သတ်သတ်ထားပါ။
ကြက်အရေခွံတွေကို ဆီနည်းနည်း မီးအေးအေးနဲ့ကြော်ပါ။
ကြက်ရေခွံတွေရဲပြီး ဆီထွက်လာပြီဆိုရင် ဖယ်ပါ။ ကြက်သွန်ဖြူထောင်းထားတာရယ် ဂျင်းရယ်ထည့်ပြီးဆီသတ်ပါ။ ကြက်သွန်ဖြူတွေ ရဲလာရင် ဆန်ရေဆေးထားတာထည့်ပါ။ ၃မိနစ်ဆီသတ်ပါ။ ပြီးရင် ဖိုပေါ်ကချပါ။
ချက်မယ့်အိုးထဲ ဆန်ထည့်ပါ။ သကြား/ဆား/ ကြက်သားမှုန့်ထည့်ပါ။ ရေလက်တဆစ်မြုပ်ရုံထည့်ပြီးရေခန်းချက်ပါ။ ကြက်ဆီထမင်းရပါပြီ။
ဆန်တစ်ဘူးစာကို သကြားလက်ဖက်ရည်တဇွန်းစာထည့်ပါတယ်။ (ချိုတာကြိုက်ရင်ပိုထည့်ပါ)
ကျန်တဲ့ကြက်ပြုတ်ရည်ထဲ မုန်လာဥထည့်ပြီး ဟင်းရည်လုပ်ပါတယ်။ ငရုတ်ကောင်းမှုန့် ကြက်သွန်မြိတ်ခပ်ပါတယ်။ (စွန်တန်ခြောက် ငရုတ်သီး/ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပြီး စွန်တန်ဟင်းရည်လုပ်သောက်လဲ ရပါတယ်)
ကြက်သားနဲ့ တွဲစားဖို့အချဥ်လုပ်ပါမယ်။
နံနံပင်အမြစ်နှစ်ချောင်း/ ကြက်သွန်ဖြူတစ်လုံး/ ဂျင်းပြား၂ပြား/ သကြားလက်ဖက်စား၁ဇွန်း/ ပဲငံပြာရည်ကြည်/နောက် လက်ဖက်စား၁ဇွန်းစီ/ ငရုတ်သီး၃တောင့် / ရှာလကာရည် ထမင်းစား၁ဇွန်း/ ပဲငါးပိနှစ် ထမင်းစား၂ဇွန်း
အားလုံးရောကြိတ်ပါ။
ကြက်သားနဲ့တွဲစားဖို့ အချဥ်ရပါပြီ။
ကြက်ဆီထမင်းကို ကြက်သားပြုတ်ပြီးသားနဲ့ပဲ စားလို့ရသလို
ရိုးရိုး/ Air frier ထဲထည့်ကြော်လဲရတယ်။
Credit to Hein Zaw Nyo