Easy recipes
ချွဲကျပ်နေရင် ချောင်းကို အစိုပဲဖြစ်ဖြစ် အခြောက်ပဲဖြစ်ဖြစ် ဆိုးနေရင် ဟင်းသောက်ပန်းကန်တလုံးထဲကို ပဲပင်ပေါက် လက်တစ်ဆုပ်ထည့်… ရေနွေးဆူဆူကိုလောင်းထည့်… ပန်းကန်ပြားတချပ်နဲ့ အုပ်ထားပါ သောက်လို့ရတဲ့ အပူပမာဏ ရောက်ရင် သောက်ချလိုက်ပါ… ပဲပင်ပေါက်ကတော့ ကြိုက်ရင်စား မကြိုက်ရင်လွှင့်ပစ်ပါ။ ချက်ခြင်းချွဲကျစေပြီး ချောင်းဆိုးတာရပ်သွားပါလိမ့်မယ် Credit
Eggless Mayonnaise Recipe Ingredients: 1 cup cooking oil 1/2 cup milk 1 tsp sugar Salt to taste 1 tsp lemon juice (Mustard paste can be added: optional) Method: Pour milk in a Blender, add sugar+salt+lemon juice n start blending. Pour oil gradually (slowly) Blend it till desired consistency is reached and get thick. MAYONNAISE is …
စမိုင်လုပ်နည်း ~~~~~~~~ ပါဝင်ပစ္စည်း – စမိုင်ထုပ် – နို့ကျိုပြီးသား ရေသန့် ၁ဘူးခန့်လဲ (၅၀ကျပ်သား) – နို့စိမ်း ၁ဘူး – နို့ဆီ အချိုကြိုက်ရင်နဲနဲထည့်ပါ။ – အအီကြိုက်ရင် ချိစ် ၁ပြားထပ်ထည့်ပါ။ – စပျစ်သီးခြောက်/ သီဟိုဠ်စေ့ခြောက်/ almond စေ့ခြောက် ကြိုက်ရင် ထပ်ထည့်လို့ရပါတယ်။ ************************** #စမိုင်လုပ်နည်း (၁) ၁။ စမိုင်ခြောက် (ကြာဇံခြောက်) ကို ထောပတ်လိုသလောက် ထည့်ကာ အရင်ဆုံး လှော်ပြီးနောက် သီးသန့် ဖယ်ထားရမည်။ ၂။ ရေကို ဆူအောင် တည်ပြီးပါက အုန်းနို့စိမ်း ၂ ကီလိုဂရမ်၊ လှော်ထားသော မြေပဲ ချိန်ဆထည့် နို့ဆီ ၁ ဗူး၊ နို့စိမ်းဗူး ၂ …
ခေါက်ဆင့်လုပ်နည်း —————— ပါဝင်ပစ္စည်း ပလာတူငါး ကြော် မုန့်ဖတ် ဇလပ်၊သခွားသီး၊ဥနီ ပူစီနံ(မထည့်လည်းရ) 💞 အချည်ရေ စပ်နည်း —————— ပါဝင်ပစ္စည်း ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊နံနံပင်၊ သံပုရာသီး၊ ဆား၊ ဟင်းခတ်မူန့် အချည်ရည်လုပ်နည်း —————— ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းကို ထောင်းပါ(အစပ်ကြိုက်လျှင် ငရုပ်သီးများများထည့်ထောင်းပါ။ ပြီးလျှင် သံပုရာရည်ညစ်ထည့် ဆားနှင့် ဟင်းခတ်မူန့်ထည့်ပြီး အချည်ရည် အပျစ် အကျဲပေါ်မူတည်ပြီး ရေအနည်းငယ် ရောပါ။ အရသာအနေတော် ချည်စပ်လေးဖြစ်ပြီဆိုလျှင် နံနံပင်လေး ပါးပါးလှီးပြီး ထည့်ပြီးလျှင် ရပါပြီ။ Crd
ရှမ်းခေါက်ဆွဲချက်နည်း ( ၃ ) နည်း ရှမ်းခေါက်ဆွဲအနှစ်ချက်နည်း 🫶🫶🫶🫶🫶 ခရမ်းချဉ်သီးမှည့်မှည့်လေးအစိတ်သားကို အခွံကွဲအက်သည့်အထိပြုတ် ကြက်သွန်နီ အစိတ်သားကို နုပ်နုပ်စင်း(သို့)ကြိတ် ပြုတ်ထားတဲ့ခရမ်းချဉ်သီးလေးကို အခွံနွှာပြီး နုပ်နပ်စင်း(သို့)ကြိတ် နှစ်သက်ရာ အသားကို အနေတော်စင်းပါ (အသားများများကြိုက်ရင် များများထည့်ပါ) နန်း ကတော့ အသားများများမကြိုက်လို့ (ဆယ်နှစ်ကျပ်ခွဲသား)ပဲသုံးတယ် အိုးထဲသို့ ဆီဆယ့်ငါးကျပ်သားထည့်ပြီးပူအောင်တည်ပါ.. နနွင်းအနည်းငယ်ထည့်ပြီး ကြိတ်ထား စင်းထားသောကြက်သွန်နီကို နီညိုရောင်သန်းလာသည်အထိကြော်ပေးပါ… နီညျိုရောငျသနျးလာတဲ့ ကြက်သွန်နီအပေါ်ကို ကြိတ်ထားတဲ့ခရမ်းချဉ်သီး အနစ်လေးကိုလောင်းထည့်ပြီး ဆီတက်အောင်ကြော်ပေးထားပါ.. ပြီးလျှင် စင်းထားတဲ့အသားကို ပြန်ထည့်ပြီး ဆီပြန်အောင်ကြော်ပေးပါ.. ကြော်နေစဉ်မှာ သကြားထမင်းစားဇွန်း(မထည့်လည်းရ)တစ်ဇွန်း ပဲငန်ပြာရည်အနောက်ထမင်းစားဇွန်းသုံးဇွန်းနှင့် ဆားအချိုမှုန့်ထည့်ပေးပါ ဟင်းအနှစ်ဆီပြန်လာပါက ရေကို ဟင်းမြှုပ်အောင်ထည့်ပြီး တစ်ရေ ခန်းအောင်တည်ပြီး ဆီပြန်လာပါက ဟင်းအနှစ်ရပါပြီ… နန်းချက်ထားတဲ့ ဟင်းအနှစ်မှာ အရောင်တင်မှုန့်ကို လုံးဝမသုံးထားပါဘူး.. ဟင်းအနှစ်ကျက်ပြီဆိုပါက …
မာလာဟင်းချက်နည်း မာလာဟင်းအနှစ်ချက်ရန်ပါဝင်ပစ္စည်းများ မာလာဟင်းနှစ်ထုပ် ၁ထုပ် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မာလာဟင်းတွင် ပါဝင်ပစ္စည်းများ ကြက်သားချောင်း ၂ချောင်း မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး ၅၀ဂရမ် (မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်) ပြင်ဆင်နည်း ၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။ ၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။ ၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။ ချက်နည်း ၁။ …
စွန်ထန်လုပ်နည်း အရင်ဆုံးမုံညှင်းကိုဆားနဲ့နယ်ဆေးပြီး ထမင်းရည်လေးနဲ့အချဉ်တည်ပါမယ်။ မုံညှင်းတွေချဉ်သွားပြီဆိုရင် အဲ့ဒီမုံညှင်းချဉ်အရည်နဲ့ပဲပြန်ကျိုရပါမယ်။ 👉 ဒုတိယအကြိမ်ပြန်နစ်တဲ့အခါသုံးဖို့ မုန်ညှင်းချဉ်ရည်နဲနဲချန်ထားပါ။ အရည်တွေအကုန်ကျိုမပစ်ပါနဲ့။ ကျိုပြီးသွားပြီဆိုရင် နေလှန်းပါ။ နေလှန်းရလွယ်အောင် မုံညှင်းကိုအချဉ်တည်တဲ့ခါ မုံညှင်းကိုရှည်ရှည်လေးတွေသင်ပြီးမှတည်ပါနော်။ အဲ့ဆို လှန်းတဲ့အခါ ကြိုးတန်းလုပ်ပြီးလှန်းရုံ။ လှန်းတာမခြောက်တခြောက်အနေထားမှာ အချဉ်တည်ထားတုန်းက မုံညှင်းချဉ်ရည်လေးနဲ့ နောက်တစ်ခါပြန်နစ်ပြီး ထပ်လှန်းပါမယ်နော်။ ဒီတစ်ခါက မုံညှင်းချဉ်ရည်နဲ့နစ်ရုံလေးနစ်ရမှာပါ။ ပြန်မကျိုရတော့ဘူးနော်။ စွန်ထန်အခွေလေးတွေလိုချင်ရင်တော့ လှန်းတဲ့အချိန်မှာ အခွေလေးတွေလိတ်ပြီးမှလှန်းပါ။ အရှည်လိုက်လေးလိုချင်ရင်တော့ ဒီတိုင်းလေးပဲ ကြိုးတန်းမှာချိတ်လှန်းရပါမယ်နော်။ လှန်းထားတာတွေခြောက်သွားပြီဆိုရင်တော့ စွန်ထန်ချဉ်ချဉ်လေးရပါပြီ။ Crd
အာလူးကက်သလိပ်ကြော် အာလူးအရင်ပြုတ် ဂျင်းကြက်သွန်ဖြူ ဆား နဲ့ထည့်ထောင်း ပြီးရင်ကော်မှုန့်ထည့် ဆန်မှုန့်ကောက်ညင်းမုန့် ထည့်( ဆန်မှုန့်များရင် မာတယ် ) လုံးတဲ့အချိန် ရေနဲနဲလက်မှာဆွတ် လုံး အလယ်အပေါက်ဖောက် မရိုးနိစ်တို့ချိစ်တို့ထည့်ပိတ် ပြီးကြော်ရင်တအား ဇွန်းနဲ့မမွှေနဲ့ တို့စားဖို့ အချဉ် မကျည်းသီးရည်ကို ငရုပ်သီးစိမ်း ကြက်သွန်ဖြူထောင်းထည့် နံနံပင်ရယ် ဆားသကြားထည့်ရင်ရပြီ crd LilyNge
ဒိန်ချဉ်ပြုလုပ်နည်း နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။ အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။ ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။ အချဉ်ထည့်ချိန်မှာ …