အာလူးကတ်တလိတ်ကြော်

အာလူးကတ်တလိတ်ကြော်

အာလူးကို ပြုတ်ပါ။

အခွံခွာ၊ ထောင်းပါ။၊

ထောင်းတဲ့အခါ နွားနို့ ၂ဇွန်းထည့်ထောင်းပါ။ ‌

စေးညက်သွားရင် ကြက်ဥအကာထည့် ရောနယ်ပါ။

အစာထည့်လုံးပါ။

လက်မကပ်အောင် ရေအနည်းငယ်ကိုင်ပြီးလုံးပါ။ မျက်နှာပြင် ချောချင်ရင် အကြော်မှုန့်ထည့်လုံးပါ။

မွမွရွရွ လိုချင်ရင် မုန့်ကျွတ် (သို့ ) tempura မှုန့် ကပ်ပါ။ အိုးကိုအပူပေးပါ။

အိုးပူမှ ဆီထည့်ပါ။

မီးအေးအေးနဲ့ ကြော်ပါ။

လုံးဝမအက်ကွဲပဲ လှလှပပလေး ရပါလိမ့်မယ်။

အာလူးကတ်တလိတ်ဆို ကြက်သား၊ ဆိတ်သား၊ ဝက်သား အသားတမျိုးမျိုးထည့်ပါတယ်။

 

#credit

Leave a Comment

Shopping Cart
Scroll to Top