သဘာ၀ weight ချနည်း

Weight ကျ ဖို့
ပိုက်ဆံကုန်လိုက်တာ သောက်သောက်လဲ
ဆရာ၀န်ပေးတဲ့ ပိန်ဆေး သောက်တုန်းတော့ ပိန်ပါတယ်
ရပ်လိုက်တော့ အရင်လို ပြန်၀ ပြန်ရော
ဆက်သောက်တော့ body အတွက် ဘာဆေးမှ ရေရှည်စွဲသောက်တာ မကောင်းဘူး
Gym သွားဖို့ လဲအချိန်မပေး နိုင်ဘူး

Fb က clip မှာ တွေ့လို့ အကုန်အကျလဲ မများလို့
စမ်းကြည့်တာ ၅ ရက်ရှိဘီ – 1.5 kg ကျတယ်
အတူ သောက်တဲ့ ကိုယ် ညီမကတော့ 3kg ကျတယ်
တယောက်နဲ့ တယောက် immune system မတူတော့ effect ဖြစ်တာချင်းကွာမှာဘဲ
(တူညီတာတခုက စားနေကျ portion ထက် နဲနဲ စီလျော့စားတယ်
အဆီ အခေါက် အာသာပြေရုံဘဲစားတယ်
သကြားဖြတ်တယ်)

ပိန်ချင်တဲ့သူတွေ စမ်းကြည့်ဖို့ ပြန် share ပါတယ်
(သွေးပေါင်ကျတတ်တဲ့သူတွေအတွက် တော့ မသင့်တော်ဘူးထင်ပါတယ်)

၁။ နာနတ်သီး ၁လုံး
၂။ သံပရာသီး ၂လုံး
၃။ ဂျင်း ၁ တက်
၄။ နံနံပင်

ပြုလုပ်ပုံ
၁။ နာနတ်သီးကို အလုံးလိုက် သပွတ်တံနဲ့ သေချာ ပြောင်အောင်ဆေး – ပုံပါအတိုင်း အခွံထူထူ လှီး
၂။ သံပရာသီး အခွံလိုက် ၄စိတ်စိတ်
၃။ ဂျင်း အခွံပါ – ပါးပါးလှီး
၄။ နံနံပင်
ဒံအိုး/ပေါင်းအိုးထဲ ရေထဲ့
လှီးထားတဲ့ အခွံထူနာနတ်သီးနဲ့ အတူ ကျန်တာ အကုန်ထဲ့ပီး ဆူအောင်တည်
ဆူလာရင် အဲဒီ အရည်ဘဲယူပီး တနေကုန် ဖြည်းဖြည်းချင်းသောက်

That’s it!
စမ်းကြည့်ပီးရင် comment မှာ ကိုယ့်ရဲ့ result ကို ပြောထားပေးခဲ့ကြပါနော ✨

Photocredit

Leave a Comment

Scroll to Top