ဝက်သားနီချက်နည်း

ဝက်လက်အချိုပေါင်း နှင့် ဝက်သားနီးချက်နည်း
******************
ဝက်လက်အချိုပေါင်း နုနုအိအိလေးပေါင်းလေးစားချက်စားကြည့်နော်

ပါဝင်ပစွည်းများ

ဝက်လက်(အရင်းသားပိုင်း)…၁ခု
နာနတ်ပွင့်………………………၃ပွင့်
ငရုတ်ကောင်းစေ့……………..၁၅စေ့ခန့်
ချင်း………………………………၁တက်
နံနံပင်အမြစ်…………………..အနည်းငယ်
သကြား…………………………၃ဇွန်း
ပဲငံပြာရည်အပျစ်……………..၂ဇွန်းစောက်နက်သောဒယ်အို့းတစ်လုံးမှာလီတာဝက်ခန့်ရှိသောဆီကိုအပူပေးပါ။
ဟင်းချက်ဝိုင်…………………..၁ဇွန်း
ဆား…………………………….လိုအပ်သလို

ဝက်လက်ကိုသန့်စင်နေအောင်ရေဆေးပြီး
ရေစစ်ထားပါ။

နာနတ်ပွင့်ကိုမွှေးလာအောင်မီးကင်ပေးပါ။

ချင်း၊ငရုတ်ကောင်းစေ့၊နာနတ်ပွင့်နှင့်နံနံပင်အမြစ်တို့ကိုခပ်ကြမ်းကြမ်းထောင်းပါ။

ထောင်းထားသောအရောကိုဝက်လက်ထဲသို့
ထဲ့ပြီးဆား၊သကြား၊ပဲငံပြာရည်အပျစ်၊ဟင်းချက်ဝိုင်တို့နှင့်အရသာစိမ့်ဝင်သွားအောင်နယ်ပြီးမိနစ်(၃၀)ခန့်နှပ်ထားပါ။

ဆီပူပြီဆိုရင်အရသာနယ်ထားသောဝက်လက်ကိုနှစ်ဖက်စလုံးရွှေညိုရင့်ရောင်ရအောင်
ကြော်ပြီးဆီစစ်ယူထားပါ။

အခြားအိုးတစ်လုံး(သို့) presser pot မှာကြော်ထားသောဝက်လက်ကိုရေမြုပ်ရုံထည့်ပါ။

ချင်းဓားပြားရိုက်၁တက်၊မီးကင်ထားတဲ့နာနတ်ပွင့်၁ပွင့်နှင့်ဆား၊သကြားထပ်မံဖြည့်စွက်ကာနှုးအိသည်အထိချက်ပါ။

သာမာန်အိုးနဲ့ချက်မယ်ဆိုရင်အဖုံးပိတ်ခါးဖို့လိုသလိုအပူရှိန်ကတစ်ပွက်ဆူအနေအထားမှာပဲရှိသင့်ပါတယ်။

နှုးအိပြီဆိုရင်အရိုးကိုလှီးထုတ်ပြီးမိမိနှစ်သက်သလိုပါးပါးလှီးပါ။

ဝက်သားနီချက်နည်း – ၁
*********************

ဝက်သားနီချက်ဆိုတာ နာမည်နဲ့လိုက်အောင်
အသားတုံးရော အခေါက်လေးပါ လေး နီရဲနေမှ လှတာပါ။
ခုချက်နည်းမှာ အသားရော အခေါက်ပါ နီရဲနေအောင်
ချက်ပြပေးထားပါတယ်။

ဝက်သားနီချက်နည်းတွေက
တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။

ပါဝင်ပစ္စည်းများ
*************
ဝက်သား သုံးထပ်သား
မြေပဲဆီ
ဆား,သကြား,ဟင်းချိုမှုန့်
ဂျင်း ( ထောင်းထားပါ )
ကြက်သွန်ဖြူ ( ထောင်းထားပါ ( သို့ ) ကြိတ်ထားပါ )
ကြက်သွန်နီ ( အကွင်းကွင်းထားပါ )

ချက်ပါတော့မယ်။

ချက်မယ့်အိုးထဲကို ဆီထည့်ပီး အပူပေးပါ။
ဆီပူလာရင် သကြားထည့်ပါ။
သကြားများ အရည်ပျော်လာပီး
ထညက်ရည် လိုဖြစ်လာတဲ့အထိ မွှေပေးပါ။

ပီးရင် မီးပိတ်၍ ဝက်သားထည့်ပီးမှ မီးပြန်ဖွင့်ပါ။

ဟိုဖက် ဒီဖက် လှန်ကာ မွှေပေးပါ။

ဝက်သားအရောင်များပါ နီရဲလာပါလိမ့်မယ်။

မိမိစိတ်ကြိုက် အနီရောင်လေးရမှ
ဝက်သားကို ရေနွေးပူ မြုပ်အောင် ထည့်ပါ။

ကြက်သွန်ဖြူ/နီ , ဂျင်း များထည့်ပါ။

အဖုံးအုပ်ပြီး မီးအား အနေတော်နဲ့သာ ချက်ပေးပါ။

ရေများ လုံးဝခန်းသွားပီး ဆီပျံလာရင်တော့
ကြက်သွန်ဖပ်လေးများလည်း နူးအိသွားပါပီ။
ဒါဆိုရင်တော့ အရသာရှိလှတဲ့ ဝက်သားနီချက် အိအိလေး ရပါပီ။

သူ့အပူရှိန်နဲ့သူ အဖုံးအုပ်ပီး နှပ်ထားပေးပါ။

👉 ဝက်သနီချက်မှာ အဓိက က
ဝက်သားတုံးလေးတွေ အနီရောင်သန်းနေပီး
အသားရော အခေါက်ပါ အိစက်နေစေဖို့ပါပဲ။

အသားရော အခေါက်ပါ အိစက်နေစေဖို့အတွက်
မီးအား မပြင်းစေပဲ, မီးအား အသင့်အတင့်နဲ့
အဖုံးအုပ်ထားပီး စိတ်ရှည်ရှည်နဲ့ ချက်ရပါမယ်။

________________

ဝက်သားနှီချက် – ၂
**********

ပါဝင်ပစ္စည်းများ
**********

ဝက်သား( သုံးထပ်သား )……………၁ကီလို
ကြက်သွန်နီ…………………………..၀.၄ ကီလို(ပါးပါးလှီး)
ချင်း+ကြက်သွန်ဖြူ………………….၂ဝဝဂရမ်( ညက်အောင်ထောင်း)
သကြား………………………………၂ဇွန်း( ထမင်းစားဇွန်း)
ပာင်းခတ်မှုန်. ……………………….၁ဇွန်း (……..။……..)
ပဲငံပြာရည်အပျစ်( ကြာညို.)………..၁ ဇွန်း (…….။……..)
ပာင်းချက်အရက်…………………….၁ ဇွန်း (………။……)
ဆား…………………………………..သင့်တော်သလို
ဆီ……………………………………..၂ ဇွန်း (ထမင်းစားဇွန်း)

ပထမဆုံးဝက်သားတွေကိုရေဆေးသန်.စင်ပြီး..၁လက်မခွဲအရွယ်လောက်တုံး
ကာပာင်းချက်အရက်၊ ဆားအနည်းငယ်တို.နှင့်(၁၀) မိနစ်ခန်.နှပ်ထားပါ။

ထိုစဉ်အချိန်အတွင်းကြက်သွန်နီလှီးဖြတ်တာ၊ ချင်း၊ကြက်သွန်ဖြူထောင်းတာ
တွေကိုပြုလုပ်နိူင်ပါတယ်။

(၁၀) မိနစ်ခန်.ကြာရင်တော့..ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေး
ပြီး.ဝက်သားများကို..ရွှေညိုရောင်လေးရသည်အထိကြော်ပေးပါ..။နနွင်းမှုန်.
အနည်းငယ်ကိုလည်းပေါင်းထည့်ပါ။

ဝက်သားတွေရွှေညိုရောင်လေးရပြီဆို..ချင်း၊ကြက်သွန်ဖြူထောင်းအရောကို
ထည့်ပြီးမွှေးလာသည်အထိ (၃) မိနစ်ခန်.ဆက်မွှေပေးပါ..။

ထို.နောက်ကြက်သွန်နီ၊ သကြား၊ ဆား ၊ ပဲငံပြာရည်အပျစ်တို.ထပ်ပေါင်းပြီး
ကြက်သွန်နီများလုံးဝနွမ်းသွားသည်အထိ (၁၀) မိနစ်ခန်.ဆက်မွှေပြီးလုံးချက်
ပုံစံမျိုးချက်ပေးပါ။

ရေကို..ဝက်သားများမြှုပ်ရုံလေးထည့်ပြီး..အဖုံးပိတ်ပြီးချက်ပါ။

တစ်ရေခမ်းသွားလျှင်…မီးကိုလျှော့ချပြီး…အနှစ်ကျပြီးဝက်သားများနှူးအိသည်အထိရေကိုလိုအပ်သလောက်သာအကြိမ်ကြိမ်ထည့်ကာဆက်ပြီးအဖုံးပိတ်ချက်ပေးပါ။

နောက်ဆုံးတစ်ရေခမ်းကာနီးမှာအရောင်တင်မှုန်.(လက်ဖက်ရည်ဇွန်း) ၁ဇွန်း
လောက်ထည့်ပြီးအရောင်ရယူပါ။

ဝက်သားနီချက်က..အနှစ်အားလုံးခမ်းခြောက်ပြီးဝက်သားမှာကပ်နေရပါမယ်ရေလည်းလုံးဝမကျန်ရပါ။

crd

____________________

ဝက်သားနီချက်နည်း – 3
*********************
ပါဝင်ပစ္စည်းများ

ဝက်သား သုံးထပ်သား
မြေပဲဆီ
ဆား,သကြား,ဟင်းချိုမှုန့်
ဂျင်း ( ထောင်းထားပါ )
ကြက်သွန်ဖြူ ( ထောင်းထားပါ ( သို့ ) ကြိတ်ထားပါ )
ကြက်သွန်နီ ( အကွင်းကွင်းထားပါ )

ချက်ပါတော့မယ်။

ချက်မယ့်အိုးထဲကို ဆီထည့်ပီး အပူပေးပါ။
ဆီပူလာရင် သကြားထည့်ပါ။
သကြားများ အရည်ပျော်လာပီး
ထညက်ရည် လိုဖြစ်လာတဲ့အထိ မွှေပေးပါ။

ပီးရင် မီးပိတ်၍ ဝက်သားထည့်ပီးမှ မီးပြန်ဖွင့်ပါ။

ဟိုဖက် ဒီဖက် လှန်ကာ မွှေပေးပါ။

ဝက်သားအရောင်များပါ နီရဲလာပါလိမ့်မယ်။

မိမိစိတ်ကြိုက် အနီရောင်လေးရမှ
ဝက်သားကို ရေနွေးပူ မြုပ်အောင် ထည့်ပါ။

ကြက်သွန်ဖြူ/နီ , ဂျင်း များထည့်ပါ။

အဖုံးအုပ်ပြီး မီးအား အနေတော်နဲ့သာ ချက်ပေးပါ။

ရေများ လုံးဝခန်းသွားပီး ဆီပျံလာရင်တော့
ကြက်သွန်ဖပ်လေးများလည်း နူးအိသွားပါပီ။
ဒါဆိုရင်တော့ အရသာရှိလှတဲ့ ဝက်သားနီချက် အိအိလေး ရပါပီ။

သူ့အပူရှိန်နဲ့သူ အဖုံးအုပ်ပီး နှပ်ထားပေးပါ။

_________________________________________________

ဝက်သနီချက်မှာ အဓိက က
ဝက်သားတုံးလေးတွေ အနီရောင်သန်းနေပီး
အသားရော အခေါက်ပါ အိစက်နေစေဖို့ပါပဲ။

အသားရော အခေါက်ပါ အိစက်နေစေဖို့အတွက်
မီးအား မပြင်းစေပဲ, မီးအား အသင့်အတင့်နဲ့
အဖုံးအုပ်ထားပီး စိတ်ရှည်ရှည်နဲ့ ချက်ရပါမယ်။

Credit

4 thoughts on “ဝက်သားနီချက်နည်း”

  1. Member Hub

    ဝက်သားတုတ်ထိုး လုပ်နည်း
    ━━━━━━━━━━━
    ဝက်အူစုံ နဲ့ အသား ၁ပိသာခန့်ကို ပြုလုပ်မှာဖြစ်ပါတယ်။ အသားများကိုဆေးကြောသန့်စင်ပြီး ဆား.. သကြားတို့ဖြင့်ရောနယ်ထားပါမယ်

    အူများကိုပထမ ပဲမှူန့်နဲနယ်ဆေးပါ။
    ဒုတိယအနေနဲ့ ရှာလကာရှည်ဖြင့်ပွတ်ဆေးပြီးရေသန့်နဲ ့၃ကြိမ်ခန့်ဆေးကြောပြီးပြောင်းပြန်လုပ်ကာ တူဖြင့်အူချောင်များကို ထိုးသွင့်၍ ၃ချောင်းခန့််ထပ်ပါ။
    ပြုတ်တဲ့ခါ. ၂အိုးခွဲပြုတ်ရမှာဖြစ်ပါတယ်.
    အနီရောင်ရှိတဲ့ အသဲ၊ အဆုပ်၊နားရွက်၊ကျောက်ကပ်နဲ့ အသားတို့ကို သီးသန့်တစ်အိုးပြုတ်ပြီး.. အူသတ်သတ် တစ်အိုးပြုတ်ပါ။
    ရောပြုတ်လိုက်ရင် အရောင်မလှတတ်လို့ပါ။

    📢 အူပြုတ်နည်း

    အိုးကိုပူအောင်တည်ပြီသကြားထမင်းစါးတစ်ဇွန်းခန့်ထည့်လှော်ပါ။
    ငြုပ်ကောင်းမှူန့်အနည်းငယ်
    လေးညှင်း၂ပွင့်
    နာနတ်၁ပွင့်
    ပဲငံပြာပြာရည်..လက်ဖက်ဇွန်း၂ဇွန်းခန့်ထည့်ပါအရောင်အတွက်ထည့်တာပါ။
    ရေခန်းအောင်းလုံးထားပြီးမှရေအမြုပ်ထည့်ပြီးပြုတ်ပါ
    နံနံပင်အမျှစ်၃ပင်ခန့်ဓားပြားရိုက်ထည့်ကာ.နူးပြီးရေခန်းသည်ထိမီးဖြည်းဖြည်းဖြင့်ပြုတ်ပါ။

    📢 အသဲ၊အဆုပ်၊ကျောက်ကပ်၊သာ၊နားရွက်ပြုတ်နည်းများ

    ရေနွေးဆူအောင်တည်ပြီး
    ဆား…သကြားထမင်းစားဇွန်းဝက်..
    နာနတ်၁ပွင့်
    .ပဲငံပြာရည်ငြု
    ငြုပ်ကောင်းမှူန့်တို့ထည့်ပြီးအသားထည့်ကာ
    မီးဖြည်းဖြည်းနဲ့နူးသည်ထိပြုတ်ပြီး
    ဗန်းထဲဆည်ထည့်ကာအအေးခံပြီးအချဉ်ရည်ဖြင့်တွဲဖက်စားနိုင်ပါ။

    📢 အချဉ်ရည်ပြုလုပ်နည်း

    မန်ကျည်းသီး လက်တဆုပ်ခန့်နဲ့ထန်းလျှက်ခဲ၃ခဲခန့်ကိုရည်နဲ့အနှစ်ရအောင်ပြုတ်ပါ။
    အနှစ်ရအောင်ဇကာနဲ့တိုက်ထားပါ။
    ကြက်သွန်ဖြူ.ငရုပ်သီးစိမ်းရောထောင်းပြီးကြိုထားတဲ့မန်ကျည်းအနှစ်နဲ့ရောပြီးယိုးဒယားပဲငံပြာရည်နဲ့သကြားအနည်းငယ်ထည့်ဖျော်။

    Crd

  2. Member Hub

    ဝက်နံရိုးမီးတောက်ချက်နည်း

    ဝက်နံရိုး ပြုတ်ရန် ပါဝင်ပစ္စည်းများ

    – ဝက်နံရိုး (သို့) ဝက်လည်ပင်ရိုး – ၈၀ကျပ်သား (ရေသန့်စင်အောင် ဆေးထားပေးပါ)
    – ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
    – ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
    – ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
    – အသားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    – ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
    – ရေ – ၂လီတာခွဲ
    – စပါးလင် (သို့) ပဒယ်ဂေါ – ၂ပင် (ပါးပါးလှီးထားပါ)
    – ကြက်သွန်ဖြူချဉ် – ၁ခု
    – ကြက်သွန်နီ – ၁လုံး (ထပ်ခြမ်းခြမ်းထားပါ)
    – နံနံပင် အမြစ် – လက်တဆုပ်စာ
    ———————————-၁
    ဝက်နံရိုး ဟင်းချက်ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

    – ငရုတ်သီးစိမ်း – အတောင့် ၃၀ (ညက်အောင် ထောင်းထားပါ)
    – သံပရာသီး – ၇လုံး (အစေ့ထုတ်ထားပါ)
    – နံနံပင် – စည်းဝက် (ပါးပါးလှီးထားပါ)
    – ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးထားပါ)
    – ရှောက်ရွက် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးထားပါ)
    – ငါးငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
    ———————————-
    ဝက်န်ံရိုး ပြုတ်နည်း

    ၁။ အရင်ဆုံး ဝက်နံရိုးများကို သန့်စင်အောင် ဆေးထားပေးပါ။ အတုံးရှည်များ ပိုင်းဖြတ်ပါ။
    ၂။ ဝက်နံရိုးကို ဆား(လက်ဖက်ရည်ဇွန်း တဝက်)၊ အသားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်ထားပေးပါ။
    ၃။ ပြီနောက် ဒယ်အိုးကြီးထဲ ရေ၂လီတာခွဲ ထည့်ပြီ ဆူအောင် တည်ထားပါ။
    ၄။ ဆူလာလျှင် ဆား(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။
    ၅။ ပြီနောက် ဝက်နံရိုးများကို ထည့်ပြီ ပြုတ်ပေးရမှာပါ။
    ၆။ ပြီမှ နံနံပင်အမြစ်၊ ကြက်သွန်ဖြူချဉ်၊ ကြက်သွန်နီ၊ စပါးလင်(သို့)ပဒယ်ဂေါ တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။
    ရ။ အရသာအတွက် ပဲငံပြာရည် ငရုတ်ကောင်းမှုန့်များ ထည့်ပေးပါ။
    ၈။ ထို့နောက် ဝက်နံရိုးပြုတ်ရည် ဆူအောင် ပြန်တည်ထားပြီ ဆူလာလျှင် ပြုတ်ရည်မှ အမြုပ်များကို ဇွန်းဖြင့် ဖယ်ပေးပြီ မီးလျှော့လိုက်ပါ။
    ၉။ မီးနည်းနည်းဖြင့် slow cook ၁နာရီခွဲမှ ၁နာရီ၄၅မိနစ်ခန့် တည်ပေးရမှာပါ။
    ၁၀။ ဝက်နံရိုးများ နူးအိပြီဆိုလျှင် နံရိုး မီးတောက်ကို စတင်ပြင်ဆင်ပါတော့မည်။
    ———————————
    နံရိုး

    ၁။ ဒယ်အိုးထဲမှ နံရိုးများကို ဇောက်ပန်းကန်ပြားထဲ ထည့်လိုက်ပါ။
    ၂။ ပြီလျှင် ထောင်းထားသော ငရုတ်သီးစိမ်း၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှောက်ရွက် တို့ကို ဝက်နံရိုးပေါ်မှ ဖြူးပေးလိုက်ပါ။
    ၃။ ပြီနောက် ဝက်နံရိုးပြုတ်ရည် (၃ခွက်) စာကို ငါးငံပြာရည်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သံပရာရည် (စားပွဲတင်ဇွန်း ၇ဇှနှး) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။
    ၄။ ပြီမှ ရောမွှေထားတဲ့ ပြုတ်ရည်များကို ဝက်နံရိုးပေါ်သို့ ပူပူလေး လောင်းချပေးပြီ အရသာရှိသော နံရိုးမီးတောက် ချဉ်စပ် ဟင်းချိုကို သုံးဆောင်နိုင်ပါပြီ

    Crd

  3. Member Hub

    ဝက်အူချိုကင်

    ဝက်အူချိုကို ရှာလကာရှည်အနည်းငယ် ဆားအနည်းငယ်ဖြင့် သမအောင်နယ်ပေးပါ။
    ပြီးရင်ရေဆေးပစ်ပါ။ ရေနွေးတည်ထားပါ။
    စပါးလင်နဲ့ရှောက်ရွက်ပါ ထည့်ထားပေးပါ။ ရေနွေးဆူရင် အူချိုများကိုထည့်ပြီး ၄၀မိနစ်ခန့် ပြုတ်ပေးပါ။
    အချိန်ပြည့်ရင် ဆယ်ပြီးရေစစ်ထားပေးပါ။ ခရုဆီ ပဲငံ့ပြာရည်အကြည် ပျားရည် ငရုတ်ကောင်း ကြက်သားမှုန့် နံနံပင်ရဲ့အမြစ် ( ထောင်းပီးသား ) ထည့်ပြီး မွှေပါ။
    ထိုထဲသို့ သန့်စင်ပြီးပြုပ်ထားသော ဝက်အူချိုများကိုထည့်ပြီး လူးပေးပါ။ နယ်ပေးပါ။
    ကင်ပါတော့မယ်
    ဇကာလေးတင် ဝက်အူချိုတွေကို ကင်ပါ။ ဟိုဘက်ဒီဘက် လှန်ပြီး မိနစ် ၂၀ခန့် ကင်ပေးပါ။

    အချဉ်ရည်ဖျော်နည်းကတော့ သံပုရာရည်အများကြီးသုံးပါမယ်။ သံပုရာရည်ရယ် ငံပြာရည်ရယ် ငရုတ်ကောင်းမှုန့်နဲ့ ငရုတ်သီးမှုန့် အချိုမှုန့်ထည့်ပြီး မွှေပါ။

    Crd

  4. Member Hub

    ၀က်သား ၃ထပ်သားအကြွပ်ကြော် ကြော်နည်း
    ••••••••••••••••••••••••••••••••••••••••••••

    (၁) ရေနွေးဆူအောင်တည်ထားပါ။ သကြားအနည်းငယ်နဲ့ ပဲငံပြာရည်(အကြည်)ထည့်ပြီး ၀က်သား ၃ထပ်သားကို ၅မိနစ်ခန့် ပြုတ်ပါ။

    (၂) ၀က်သားကို ဆယ်ယူပြီး အခေါက်ဘက်ကို ဇွန်းခရင်းဖြင့် နေရာအနှံ့ကို ထိုးဆွထားပါ။

    (၃) ရှာလကာရေ၊ ဆားအနည်းငယ်တို့ကို အခေါက်ထဲစိမ့်၀င်နေအောင် ပွတ်လိမ်းပေးထားပါ။

    (၄) ငှက်ပျောရွက် သို့ ဖက်ရွက်ပေါ်တင်ပြီး နေပူထဲ ၅မိနစ်ခန့် လှန်းထားပေးပါ။

    (၅) အခေါက်ပေါ်ကနေ အသားအထိ ၃ကြောင်းခန့် ဓါးဖြင့်လှီးထားပါ။ အကုန်မပြတ်စေပဲ ထက်၀က်သာ လှီးပါ။

    (၆) ဆီကို ပူနေအောင်တည်ထားပြီးမှ ၃ထပ်သားကို ထည့်ကြော်ပါ။ အပေါ်အောက် အကျက်ညီအောင် လှန်ပေးပါ။

    (၇) အနေတော်လေးကျက်ရင် ဆယ်ပြီး အအေးခံထားပြီးမှ ကိုယ်လိုသလောက်အတုံးလေးနဲ့ လှီးဖြတ်ပြီး သုံးဆောင်လို့ ရပါပြီ။

    Crd

Leave a Comment

Scroll to Top