ရခိုင်ငါးငပိချက်နည်း

ရခိုင်ငါးငပိချက်နည်း

ငရုတ်သီးစိမ်းကို ပြုတ်ပေးပါ ။

ငါးကိုလည်း ဂျင်း၊ ဆနွင်းမှုန့်နည်းနည်း ငံပြာရည်နည်းနည်းနဲ့နယ်ပြီး ပြုတ်ထားပေးပါ ။

ငရုတ်သီးကျက်ပြီဆိုရင် ကြက်သွန်ဖြူတစ်တက်/နှစ်တက်လောက် ထည့်ပြီး ထောင်းပေးပါ ။

ငါးပြုတ်ကျက်ပြီဆို အသားနွှင်ထားပါ ။
ပြုတ်ရည်ကို မသွန်ပါနဲ့ ။
ကြက်သွန်နီကို အဝိုင်းလေးတွေ လှီးထားပေးပါ ။

အဆင်သင့်ဖြစ်ကြပြီဆိုရင် ချက်မယ့်အိုးထဲမှာ
ငရုတ်သီးထောင်း၊ အသားနွှင်ထားတဲ့ငါး ၊ ငပိနည်းနည်း
(ငပိရေဖျော်ပြီး အောက်နှစ်ကို ပစ်လိုက်ပါ) ၊

ငါးပြုတ်ရည်ကို ပြန်ထည့်ပေးပါ .
ရေလိုသလောက်လေး ကြည့်ထည့်ပေးပြီး ဆီကိုပါတယ်ဆိုရုံလေး ထည့်ပေးပြီး အိုးဖုံးလေးဖုံး ချက်လိုက်ပါ

ဟင်းအိုးလေး ဆူလာပြီဆိုရင်တော့ အပေါ့အငံမိမိစိတ်ကြိုက်ထည့်ပေးပါ ။
မကျည်းနှစ်ရေဖျော်လေးပါထည့်ပေးပါ ။

ရခိုင်ငါးငပိချက်ရပါပြီ

crd

Leave a Comment

Scroll to Top