မော်လမြိုင် မုန့်ဟင်းခါး ချက်နည်း
ငါးကြင်းအသားတုံးကို မျှင်ငပိလေးနဲ့
ဆုပ်ပြီးနယ်ပါ
ပြီးရင် စပါးလင် ၅ချောင်းကို အပေါ်ပိုင်းက အရွက်တွေ ဖြတ်ပြီး ပြုတ်အိုးလေး အောက်ကံခံပြီး ခင်းလိုက်ပါ
ငါးနယ်ပြီးသား အတုံးတွေရယ် ငံပြာချိုရည် နနွင်းလေးရယ် ရောထည့်ပေါင်းလို့ ပြုတ်လိုက်ပါ
ကျန်တဲ စပါးလင်အနုလေးတွေကို ခပ်သေးသေး လှီးပြီး ကြက်သွန်နီ ၅တက် အဖြူ အတက်အကြီး တလုံး ဂျင်းလက်နှစ်ဆစ် လောက်ကို ရေဆေးပြီး ထောင်းလိုက်ပါ
ငှက်ပျောခေါင်းတွေ့လို့ ဝယ်လာပြီး ဘေးက အကြောရင့်တွေ ဖယ်ပြီး အနေတော်လှီးကာ နနွင်းနဲ့ သပ်သပ် ပြုတ်ထားပါ
ခဏလေးပဲ ပြုတ်ပါတယ် အရမ်းနူးရင် အချိုပေါ့လို့ပါ
ပြုတ်ပြီးသား ငှက်ပျောခေါင်း အတုံးလေးတွေကို ရေဆေးထားလိုက်ပါ
ကြက်သွန် ဥ အသေးလေးတွေ ၅၀သါး သပ်သပ် ဝယ်လာပြီး ခွာထား ရေဆေးထားပါ
ငါးပြုတ်နူးတဲ့အခါ ဆယ်ပြီး အရိုးဖယ်ကာ အသားလေးကို ကြက်သွန်ဖြူနီဂျင်းစပါးလင်း ထောင်းပြီးသားနဲ့ ရောပြီး ဆီသတ်ပါ
အရမ်းကို မွှေးလာတဲ့ အထိ ဆီနည်းနည်းလေးနဲ့ အညိုရောင်သန်းအောင် ဆီသတ်ပြီး ငါးပြုတ်ရည်ကို ချက်မဲ့အိုးထဲထည့်ပြီး မွှေးဆန်လှော် ၅ိသားထုတ်နဲ့ ရောဖျော်ကာ ဆူပွက်အောင်တည်ပါ
ဆူပွက်လာရင် ငါးဆီသတ်ရယ် ကြက်သွန်ဥလေးတွေရယ် ငှက်ပျောခေါင်း ပြုတ်ပြီးသားရယ် ထည့်ပြီး ရေနွေး လိုသလောက် ထပ်ထည့်ပြီး တည်ပါ
crd
မုန့်ဟင်းခါးချက်နည်း
ပါ၀င်ပစ္စည်းများ
၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာအတွက်ပြုလုပ်ပါမယ်။
၂။ ငါးကြင်း – ၄၀
၃။ ဌက်ပျောအူ – ၁ပင်
အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော
စိမ်ထားပေးပါ။
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
၄။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း
(ပါးပါးလှီးထားပါ)
၅။ ကြိုက်နှစ်သက်ရာ အကြော်
ဆီသတ်ရန် ပါ၀င်ပစ္စည်းများ
၁။ ကြက်သွန်နီ – ၃၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၄။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
၉။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
ပြင်ဆင်နည်း
၁။ ငါးကြင်းကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ထုထောင်းပြီးပြုတ်ထားပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးကြင်းကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးကြင်းအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသတ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
၄။ ငါးဆီသတ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသပ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင် 2ပင်(ထုထောင်း ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ ဌက်ပျောအူထဲ အချိုအရသာများ စိမ့်၀င်သွားရန် အနည်းငယ် တည်ထားပေးပါ။
၆။ ဌက်ပျောအူ နွမ်းသွားပါမှ ရေနွေး(7 လီတာကို ထည့်ပါ။
၇။ ဟင်းရည်ဆူလာလျှင် ဆန်လှော်မှုန့်၊ပဲကြက်မှုန့် တို့ကို ဟင်းရေကို ဇွန်းနဲ့မွှေရင်း ဖြူးထည့်ပါ။(တစ်နေရာထဲ သွန်ထည့်လိုက်လျှင် အခဲကြီးဖြစ်နေတတ်သည်။ ဟင်းရည် အပျစ်၊အကျဲပေါ်မူတည်ပြီး ဆန်လှော်မှုန့်နဲ့ပဲမှုန့်ကိုချင့်ချိန်ထည့်ပါ)အရသာအတွက်
ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(အနည်းငယ်)၊သကြားတို့ကို ထည့်ပေးပါ။
၈။ ကြက်သွန်နီ အလုံးသေးများကို အလုံးလိုက် ထည့်လိုက်ပါ။
၉။ ကြက်သွန်နီများ နူးသွားလျှင် မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပဲသီး၊ ပူစီနံ မိမိကြိုက်နှစ်သက်ရာ အကြော်များ ထည့်၍ တည့်ခင်းသုံးဆောင်နိုင်ပါပြီ
crd
အိမ်လုပ်မုန့်ဟင်းခါး
ချက်နည်း
ကုလားပဲနို့ဆီဗူးဝက်ကိုတစ်ညရေကြိုစိမ်
မနက်ကျဆနွင်း နဲ့ ရေထည့်ပြီးပြုတ်
နူးအိပြီဆို ညက်အောင်ထောင်းထားပါ
ငှက်ပျောအူအနုလေးတွေကိုဆား ရေ ဆနွင်းထည့်ပြီး
၅မိနစ်ခန့်ပွက်ပွက်ဆူပြုတ်ထားပေးပါ
ငါးကြင်း/ငါးခူ/ငါးကျည်း နှစ်သက်ရာသုံးပါ
စပါးလင် ၂ ချောင်းထု
ထန်းလျက် ၃ခဲ ငံပြာရည်ဇွန်းကြီး၁ဇွန်း
ရေ အိုးတစ်ဝက်ထည့်တည်ပါ
ငါးနူးပြီဆိုဆယ်ပြီးအသားနွင်
ဂျင်းလက်မဝက်
ကြက်သွန်ဖြူ ၂ဥ
စပါးလင်ထုထောင်းပြီး
အရောင်တင်မှုန့်နဲ့ဆနွင်းထည့်ဆီသတ်
ငါးထည့်မွှေပြီး ၃မိနစ်ခန့်မွှေထားပါ ငါးအသားများခြောက်ပြီးအိုးမှာကပ်လာတဲ့အထိဆီသပ်ပေးရပါမယ်
အပေါ်ကပြုတ်ရေထဲ
ကုလားပဲထောင်းထားတာများ ဆန်စိမ်းမှုန့် ဇွန်းကြီးတစ်ဇွန်း
ထည့်မွှေပါ ကြက်သွန်နီဥများထည့်ပါ
လိုအပ်တဲ့ရေပမာဏထပ်ထည့်ပါ
ဘဲဥပြုတ် ပဲသွေးထည့်ပါ
နှံ့စပ်အောင်မွှေပါ
ဆူပွက်လာရင် ငါးဆီသတ် နဲ့ ဌက်ပျောအူထည့်မွှေပါ
ဆား/ငံပြာရည် ဟင်းချိုမှုန့် ငရုတ်ကောင်းထည့်ရင်
အရသာရှိတဲ့ မုန့်ဟင်းခါးရပါပြီ
Crd