မုန့်စိမ်းပေါင်းပြုလုပ်နည်း
-မုန့်စိမ်းပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။
ငစိန်ဆန်တစ်ပြည်ကိုရေစင်စင်ဆေးပြီးကြိတ်ဆုံမှာကြိတ်ပါ။
မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ပါ။
ရေစစ်သွားတဲ့အခါ မုန့်သားကို လက်နဲ့နယ်ပြီး
လက်ဆန့်သလောက် အလုံးကြီးတွေလုပ်ပါ။
-အောက်ခံအိုးထဲကိုရေထည့်ပြီး
အပေါ်မှာ စကာတင်ပြီးမုန့်လုံးတွေထည့်ပေါင်းပါ။
၁၅ မိနစ်လောက်နေလို့ မုန့်လုံးအပေါ်သားအရောင်ကြည်နေရင်
မုန့်ကို ဖိုပေါ်ကချပြီး အအေးခံပါ။
-လက်နဲ့ကိုင်နိုင်တဲ့အနေအထားမှာ
တစ်၀က်တစ်ပျက်ကျက်နေတဲ့မုန့်လုံးကို
ဆုံထဲထည့်ထောင်းပါ။
ထောင်းပြီးရင် လက်နဲ့ချေပေးပြီး စကာချပါ။
-မုန့်စိမ်းပေါင်းမှာ အဖြူ သားကအဆိမ့်ဖြစ်ပြီး
အညို သားက အချိုဖြစ်ပါတယ်။
အဖြူ သားလုပ်ဖို့ မုန့်သားနည်းနည်းဖယ်ထားပါ။
အုန်းသီးတစ်လုံးကိုဦးရည်ညှစ်ပြီး
မုန့်သားအဖြူ နဲ့ ပျစ်ပျစ်လေးနယ်ထားပါ။
ပဲလွန်းတစ်ဘူးကိုပြုတ်ထားပါ။
-ထန်းညက် ၅၀ကျပ်သားကိုခပ်ပျစ်ပျစ်ကျို ပြီး
ကျန်တဲ့မုန့်သားနဲ့ရောနယ်ပါ။
-မုန့်စိမ်းပေါင်းပေါင်းတဲ့မြေအိုး(ပေါင်းချောင်) or
ပေါင်းစကာတွေနဲ့ပေါင်းပါတယ်။
ပေါင်းစကာ/မြေအိုးထဲကို ကပ်ပြားခင်းပြီး ကပ်ပြားပေါ်မှာ ပိတ်စိမ်းပါး(ရှန်သား)ခင်းပါ။
ထောင်းထားတဲ့ မုန့်အညို သားကို စကာနဲ့ရွရွလေးချပါ။
အညို သားပေါ်က အဖြူ သားကို စကာချပါ။
ပြီးရင် အပေါ်ကနေပဲလွန်းပြု တ်ကိုဖြူ းပါ။
အိမ်စားဖို့ကောင်းကောင်းဆိုရင် ပဲလွန်းအစား
သီဟိုဠ်စေ့၊စပျစ်သီးခြောက်၊ဖရုံယို တို့ ထည့်နိုင်ပါတယ်။
-ပြီးရင် အဖုံးအုပ်ပြီး နာရီ၀က်လောက်ပေါင်းရင် နပ်ပါပြီ။
လိုအပ်တာရှိရင်လည်း comment မှာ
ဖြည့်ပေးပါနော်
PhotoCreditToOwner
CreditToOriginalWriter
ကြက်ဥပူတင်း(အပျော့ပေါင်း)လုပ်နည်း
ပါဝင်ပစ္စည်းများ
(၁)ကြက်ဥ ၂ လုံး
(၂)နို့ ကော်ဖီခွက် ၁ ခွက်
(၃)သကြား ထမင်းစားဇွန်း ၃ ဇွန်း
(၄)ဆားအနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
သကြားထမင်းစားဇွန်း၂ဇွန်း ကို ဒယ်အိုးထဲထည့်ပါ
သကြားအရည်ပျော်ရင် ရေနဲနဲထည့်ပြီး မပျစ်မကျဲလေးကြိုထားပါ။
နို့ကော်ဖီတခွက်စာကို သကြား၁ဇွန်းထည့်ပြီး ကျိုထားပါ။
ကြက်ဥ၂လုံးကို ဆားနဲနဲလေးထည့်ပြီး ခလောက်ပါ
ကြေညက်နေအောက် ခေါက်ထားရပါမယ်။
ခေါက်ထားတဲ့ ကြက်ဥအရည်ထဲကို ကျိုထားတဲ့နို့ကိုမွှေပြီးထည့်ပါ။
ပေါင်းမယ့်ခွက်ထဲကို သကြားတူးရေလေးအရင်ထည့်ပါ။
ပြီးမှ နို့နဲ့ကြက်ဥရောထားတဲ့ အရည်ကို ဇကာလေးနဲ့စစ်ပြီး ပေါင်းမယ့် ခွက်ထဲ ထည့်ပါ။
အိုးတလုံးမှာ ရေထည့် အပေါ်က ဇကာလေးခံပြီး ပေါင်းမယ့်ခွက်လေးထည့်ပြီး အပေါ်က အဖုံးအုပ်ပြီး မိနစ်၂၀ပေါင်းပါ။
ဒါဆိုရင် အရသာရှိပြီး အာဟာရပြည့်တဲ့ကြက်ဥပူတင်းလေးရပါပြီ။
Crd
ကောက်ညှင်းထုပ်/ဟင်းထုပ်/မုန့်ဖက်ထုပ်
1. ကောက်ညှင်းထုပ်
ကောက်ညှင်းဆန်ကို ၅နာရီခန့် ရေကြိုစိမ်ထားပေးပါ။
ဌက်ပျောရွက် သို့ ကြံရွက်ကို ရေသေချာဆေးထားပါ။
ဌက်ပျောရွက်ထုပ်ရအဆင်ပြေအောင် အနည်းငယ်ပျော့သွားအောင် မီးအနည်းငယ်ကင်
ဌက်ပျောရွက်ကို တစ်ပြင်ညီလုံး ဆီအနည်းငယ်သုတ်လိမ်းထားပေးပါ။
ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့် ပဲထည့် သကြား နဲ့ ဆားအနည်းငယ်ထည့်ပြီး နှံသွားအောင်အနည်းငယ်နယ်ပြီး ဌက်ပျောထုပ်ကို နှီးဖြင့်သေချာထုပ်ပါ။
ပြီးမှ ပေါင်းအိုးအလယ်ကန့်ကိုအသုံးပြုပြီး ရေနွေးငွေ့ဖြင့် တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့် ကြာအောင် ပေါင်းပေးပါ။
ဌက်ပျောသီးနဲ့ပေါင်းမယ်ဆို ဌက်ပျောသီးကို အလယ်မှ ထက်ခြမ်းခြမ်းပြီး ပေါင်းပါ။
ရရင် သကြား အုန်းသီးဖတ်လေးများဖြင့် တွဲစားလို့ရပါပြီ။
ပဲကြိုက်ရင်ပဲနဲ့အပေါ်နည်းတူထုပ်ပါ
ဌက်ပျောရွက်အစား ဆလူရွက်သုံးပြီး ဆလူထုပ်လည်းပြုလုပ်နိုင်ပါသည်။
ဆလူထုပ်ဆို ငှက်ပျောသီး နဲ့ ပဲမပါပါ ကောက်ညှင်း ဆား သကြားရောထည့်ပြီးအလွတ်ထုပ်ပါ
2. မုန့်ဖက်ထုပ်
၁. ကောက်ညင်းဆန်မှုန့် (မုန့်နှစ်)
၂. အုန်းသီး၊ပဲ
၃. သကြား
၄. ငှက်ပျောရွက်
ကောက်ညှင်းဆန်အမှုန့်ကိုရေစက်စက်ဖြင့် နှယ်ပါ။
ဖဲ့ယူပြီး လောက်စာလုံး လုံးလို့ရသည်အထိ ညှက်နေအောင်လုပ်ပါ။
အုန်းသီးကိုခြစ်ပြီး သကြားနှင့် ဦးစွာနှယ်ထားခဲ့ရမည်။
၄င်းကို နှယ်ထားသည့်မုန့်ထဲ ထည့်ရမည်။
ပဲနှင့်ကြိုက်ရင် ပဲနှင့်သကြား ထန်းလျက် နဲ့လုပ်လည်းရသည်။
ငှက်ပျောရွက်ကို
မုန့်ထုပ်လောက်သော အရွယ်လောက် ဓားဖြင့်ဖြတ်ပြီးအနည်းငယ်ညိုးနွမ်းသည်အထိ နေလှန်း OR မီးကင်လည်းရသည်။
စောစောက အဆာသွပ်ပြီးသားမုန့်ကို
နေလှန်းပြီးသား ငှက်ပျောရွက်နှင့် ထုပ်ပြီး
ပေါင်းအိုးထဲထည့်ပေါင်းလျှင် မုန့်ဖက်ထုပ်ရပြီ။
Credit : Original Uploader
3. ဟင်းထုပ်
ကြက်သားကိုနုပ်နုပ်စင်းပြီး အရသာမှုန့်ဖြင့်နယ်ထားပေးပါ။
ကြက်သွန်မြိတ်ပါးပါးလှီးထားပေးပါ။
အရည်စပ်မယ့် ဇလုံထဲသို့ ဆန်မှုန့် တစ်ထုပ် ရဲ့ တစ်ဝက်တိတိ ဖောက်ထည့်ပါ။
ဆီထမင်းစားနှစ်ဇွန်းထည့်ပါ။
ဆန်မှုန့်နှစ်စဆိုရင် ကောက်ညှင်းမှုန့်တစ်စရောထည့်ပေးပါ။
ကြက်သွန်မြိတ် နှင့် အရသာမှုန့်ထည့်ပါ။
ရေအနည်းငယ်ထည့်ပြီးမကျဲမပြစ်ဖျော်ပါ။
အနေတော်အနေထားရပြီဆို ရေထည့်တာလုံလောက်ပါပြီ။
ပြီးမှ နုပ်နုပ်စင်းထားသောအသားထည့်ပြီး ထပ်မွှေပါ။
ပြီးရင် ဌက်ပျော်ရွက်နဲ့ ဖက်ထုပ် ထုပ်ပေးပါ။
ထမင်းပေါင်းအိုးဖြင့် မိနစ်၅၀ခန့်ပေါင်းပေးပါ။ တွဲဖက်စားသောက်ဖို့ ငရုတ်သီးကြော် ဂျူးမြစ် ကြက်သွန်ဖြူဆီချက်ပြင်ဆင်ပေးထားပါ။
နှစ်သက်ရာအသား အသုံးပြုနိုင်ပါတယ်။
Crd