မီးဖိုချောင်ထဲက သိထားသင့်တဲ့ နည်းလမ်းကောင်းလေးများ
ဟင်းအိုးတွေ တူးသွားရင် ပွတ်တိုက်မဆေးပါနဲ့။ တူးတာတွေ မြုပ်အောင် ရေထည့်ပြီး မီးဖိုပေါ် တင်ထားပါ။ ပွက်ပွက်ဆူလာရင် အတူးဂျိုးတွေ သူ့အလိုလို ကွာထွက်ပါတယ်။
ဖြူဖြူလွှလွှ ထမင်းလေးတွေ ရချင်တယ်ဆိုရင်တော့ ထမင်းအိုးတည်တုန်းဆူကာနီးမှာ လီမွန်ရည် ၂ စက်၊ ၃ စက်လောက်ချပေးလိုက်ပါ။
ငရုတ်သီးစိမ်းကြာကြာထားခံအောင်
ငရုတ်သီးစိမ်းလေးတွေ ကြာကြာထားခံအောင် ရေမဆေးဘဲနဲ့ အညှာလေးတွေချွေ၊ ပြီးရင် မီးဖိုချောင်သုံး tissue အထူစားနဲ့ ထုတ်၊ ပလပ်စတစ်ဗူး သို့မဟုတ် ဖန်ဗူးထဲ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာအောက်ထဲ ထည့်ထားရင် တော်တော်ကြာကြာခံပါတယ်ရှင့်။ အညှာက ငရုတ်သီးစိမ်းကို ပိုပြီး ပုတ်လွယ်စေပါတယ်။
ငရုပ်သီးကိုင်မိပြီး လက်ပူစပ်ရင်အတော် မသက်သာတာပါ။ အဲလိုပူစပ်ခြင်းမှ ကင်းဝေးစေရန် ငရုပ်သီးမလှီးခင် လက်ကိုသာ ဆီဆွတ်ပေးလိုက်ပါ။ ပူစပ်ခြင်းမှ ကင်းဝေးပါလိမ့်မယ်။
ပလတ်စတစ်ဗူးတွေ မသုံးဖြစ်ပဲသိမ်းထားရင် ဆားလေးကို ဗူးထဲနဲနဲထည့်ပြီး သိမ်းခြင်းအားဖြင့် အနံအသက် (အောက်သိုးသိုးအနံ့) ထွက်ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။
အမဲသား၊ကြက်သား များနူးညံ့လိုလျှင်
ခဲနေသော အသားများကို microwave ထဲမှာ defrost လုပ်မယ်ဆိုရင် ရှာလကာရည်အနည်းငယ်ကို လောင်းပြီးမှ defrost လုပ်ပါ။ အသားများကိုနူးညံစေရုံမျှမက မြန်မြန်လည်း ရေခဲပျော်လွယ်စေပါတယ်။
အမဲသား ဆိတ်သားကဲ့သို့ Red Meat များနူးညံစေလိုလျှင် မချက်ခင်တွင် ဝိုင်အနီတွင် စိမ်ပေးပါ။
အသားများလှီးမည်ဆိုလျှင် အသားမျှင်များအား ကန့်လတ်ဖြတ်လှီးမှသာ ဟင်းချက်သောအခါ ပို၍နူးညံ့သော အသားများရနိုင်ပါတယ်။
ကြက်ဥပြုပ်လျှင် မကွဲအက်စေလိုပါက ဆားအနည်းငယ် ထည့်ပြီးပြုပ်ပေးပါ။
ကြက်ဥအကာနှင့် အနှစ် ကိုခွဲထုတ်လိုလျှင် ရေခဲသေတ္တ္တာထဲမှထုတ်ကာစမှာ ခွဲပါ။ ပိုပြီးလွယ်ကူပါတယ်။
ငါးကို ကောင်းအောင်ကြော်နည်း
ငါးကြော်မယ်ဆိုရင် ဆီကိုအရင်ကျက်အောင်ချက်ပြီး အနံ့သင်းသင်းရှိမှ ငါးကိုထည့်ကြော်ပေးပါ။ ကျွတ်ကျွတ်ကလေးနှင့် အရသာရှိပါလိမ့်မယ်။ ဆီမပူခင်ထည့်မိပါက ကျွတ်ကျွတ်ရွရွမရှိပဲ ပွစိစိ ဖြစ်တတ်ပါတယ်။
ကြက်သွန်ဖြူလှီးရင်( အထူးသဖြင့် နုတ်နုတ်စဉ်းရင်) ဓါးမှာကပ်ပါလေ့ရှိပြီး ကပ်စေးစေးဖြစ်တတ်တာမျိုးရှိတယ်နော်။ အဲဒီအတွက်တော့ ကြက်သွန်ဖြူများပေါ်မှာ ဆားလေး နဲနဲဖြူးပြီးမှ လှီးကြည့်ရင် အဆင်ပြေသွားပါလိမ့်မယ်။
နွားနို့နွှေးချိန်တွင် ဆူဝေကျခြင်းမှကာကွယ်ရန်အတွက် ထောပတ်အနည်းငယ်ကို အိုးနုတ်ခမ်း အတွင်းနံရံတွေမှာ သုတ်လိမ်းပြီးမှ နွှေးပါ။ဆူဝေကျခြင်းမှကင်းဝေးပါလိမ့်မယ်
Crd
နံနံပင်ကြာကြာခံအောင်
နံနံပင်တွေကို ရေမဆေးဘဲ အမြစ်တွေ ဖယ်၊ လေလုံတဲ့ဖန်ပုလင်းထဲထည့်ပြီး
ရေခဲသေတ္တာထဲ သိမ်းပါ။
2 ပတ်ကျော် အထားခံပါတယ်။
စားခါနီးမှ လိုသလောက်ထုတ်ပြီး ရေးဆေးပြီး သုံးတာပါ။
ဟင်းထဲခတ်ပြီး ကျန်တာ အလေလွင့်မရှိဘဲ အထားခံသလို လိုချင်တဲ့အချိန်တိုင်းသုံးလို့ရ။
crd
ထောပတ်သီး ကြာရှည်ခံဖို့
အလုံးလိုက် Jar ထဲရေမြှုပ်အောင်ထဲ့ပီး ရေခဲသေတ္တာ ထဲ ထဲ့ထားရင်
၂ ပတ် လောက် ခံပါတယ်
“သားငါးသီးရွက်ကို ဘယ်လိုသိမ်းမလဲ”
စျေးခဏခဏမသွားနိုင်တဲ့ကာလမှာ
အသားငါး အသီးအရွက်အစုံ
ရေခဲသေတ္တာထဲခံအောင်
ကြာကြာထားလို့ရတဲ့ အာနိသင်လည်းရှိတဲ့
ပြုလုပ်လေ့ရှိတဲ့
နည်းလမ်းလေးတွေပါ
အသားဆို ဆားနနွင်းအချိုမှုန့်နယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ် (ကြက် ၀ကျ အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)
ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာ ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်
ပင်လယ်စာသိမ်းနည်း နောက်တမျိုးက
ရေဘဝဲ၊ပုစွန်၊ ကင်းမွန်၊ ပြည်ကြီးငါးတွေ သန့်စင်ဆေးကျောပြီး ရေဖြည့်ခဲထားရင်လည်း အမြဲလတ်ဆတ်နေပါမယ်နော်။
ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်
ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်
ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီး ရေနွေးအိုးဆူထဲ ခနပြုတ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်
ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး
စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး
သိမ်းနိုင်ပါတယ်
ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်
ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်
ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီး အိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ်
မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်
မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီး သိမ်းနိုင်ပါတယ်
မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ် ရေစစ်ပြီး အဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီး အခဲကန့်မှာ ထည့်သိမ်းနိုင်ပါတယ်
ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ်
ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်
ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီး ရေနွေးဖျောကာ အခဲကန့်ထဲမှာ ဘူးနဲ့သိမ်းနိုင်ပါတယ်
ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီး သိမ်းနိုင်ပါတယ်
အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်
နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီး
အိတ်ထဲထည့်ကာ သိမ်းနိုင်ပါတယ်
ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲထည့်ကာ သိမ်းနိုင်ပါတယ်
ပြုတ်မထားဘဲ အစိမ်းထားချင်သူက ဘူးအောက်ခြေမှာ သတင်းစာလေးခံပြီး အညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်
ဖြန့်ထားကာ ထားနိုင်ပါတယ်
ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်
ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့် အနှစ်ရတဲ့ထိမွှေပြီး အနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီး ဘူးထဲထည့် သိမ်းနိုင်ပါတယ်
ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီ သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ်
သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်
သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်
ကြက်ဥ ဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်
အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ်
ဆီခနခနသတ် အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်း ဆီသတ်နွမ်းတဲ့အခါ
အရောင်တင်မှုန့်ထည့်ပြီး
ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ
သိမ်းနိုင်ပါတယ်
ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့
အပြင်မှာဘဲထားစားပါ
ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သား မာဆတ်၂ ဖြစ်စေလို့ပါ
ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဖူး အနံ့တွေနံတတ်လို့ပါ သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်
Credit
အချိုမှုန့်အစားထိုး ဟင်းချိုမှုန့်လုပ်နည်း
ကန်ဇွန်းဥ၅၀သား
ကြက်သွန်နီ၂၀သား
ကြက်သွန်ဖြူ၅ကျပ်သား
ဆား ထမင်းစားဇွန်း၁ဇွန်း
သကြားထမင်းစားဇွန်း ၃ဇွန်း
အုန်းထန်းညက် ၅လုံး
ငရုတ်ကောင်း ထမင်းစားဇွန်း၁ဇွန်း
ကန်ဇွန်းဥ။ကြက်သွန်နီ။ကြက်သွန်ဖြူတို့ကိုခြစ်နှင့်ပါးပါးခြစ်ပြီးနေပူပူတွင်ခြောက်အောင်လှမ်းပါ။ခြောက်ရင်မီးအေးအေးနဲ့မွှေးပြီးကြွပ်နေအောင်လှော်ပါ။
ကန်ဇွန်းဥကြက်သွန်မွှေးနံ့လေးထွက်လာရင်ဆားသကြားငရုတ်ကောင်းထန်းလျှက်ထုထည့်ပြီးခဏမွှေပြီးအအေးခံပါ။
ပြီးရင်blanderထဲထည့်ပြီးကြိတ်ပါ။ပြီးလျှင်အအေးခံပြီးလေလုံဗူးထဲထည့်သိမ်းပါ။
Crd
ဆန်တွေကိုပိုးမတက်အောင်ဘယ်လိုထားမလဲ
အိမ်တွေမှာ ဆန်တွေ ၀ယ်ထားတာ ကြာလာရင် ပိုးကောင်တွေ တက်တာ၊ ဆန်တွေ မည်းလာတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီရန်တွေကနေ ဘယ်လို ကာကွယ်မလဲဆိုတဲ့ ဖတ်ထားဖူးတဲ့ အချက်က ၅ချက် ရှိပါတယ်။
၁။ နေရောင်ခံပေးပါ။
သင့်ဆန်တွေမှာ အဖြူ ဒါမှမဟုတ် အနက်ရောင်
ပိုးလေးတွေ အများကြီး တက်နေပြီဆိုရင်တော့
နေရောင်ထဲမှာ ၃-၄နာရီလောက် ထားပေးပါ။
အပူက ပိုးတွေကို သေစေနိုင်ပါတယ်။ ဒါမှမဟုတ်
ဆန်ထဲကနေ ထွက်သွားတတ်ကြပါတယ်။ တချို့ကတော့ ချက်ခါနီးမှ လင်ဗန်းထဲ ထည့်ပြီး နေပြတတ်ကြပါတယ်။
ပိုးကောင် အနည်းအများပေါ် မူတည်ပြီး
နေပြမယ့် အချိန်ကို အတိုးလျော့ လုပ်လို့ ရပါတယ်။
၂။ ငရုတ်သီးခြောက် ထည့်ထားပါ
လေလုံတဲ့ ဘုံးတွေထဲ ထည့်ထားမယ်ဆိုရင်တော့ ငရုတ်သီး အနီခြောက် တချို့ကိုပါ ရောပြီး ထည့်ထားပေးပါ။
ငရုတ်သီးရဲ့ အနံ့ကို ပိုးမွှားတွေက မကြိုက်ပါဘူး။
ငရုတ်သီးလိုပဲ ငရုတ်ကောင်းစေ့ (သို့) လေးညှင်းပွင့်လေးတွေ ထည့်ထားလို့ရပါတယ်။
၃။ တမာရွက် ထည့်ပေးပါ
ဒါ့အပြင် တမာရွက်လေး အုပ်ထားပေးလို့လည်း ရပါတယ်။ ပိုးမွှားတွေက တမာရွက်ရှိတဲ့ နေရာ မလာတတ်ပါဘူး။
တချို့ဆိုရင် အင်္ကျီတွေသိမ်းတဲ့ နေရာတွေမှာတောင် ထားတတ်ကြပါတယ်။
၄။ သိမ်းတဲ့နေရာ မှန်ပါစေ
ဆန်အိတ် ဒါမှမဟုတ် ဆန်ဘုံးတွေကို ထားမယ်ဆိုရင်
နေရောင် တိုက်ရိုက်ရမယ့်နေရာတွေကို ရှောင်ပါ။ မှောင်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ စိုစွတ်နေတဲ့ နေရာမျိုးတွေ ရှောင်ပါ။ စိုစွတ်တဲ့ နေရာတွေဟာ ဆန်တွေကို ပျက်စီးစေသလို ပိုးမွှားတွေကိုလည်း ရှင်သန်စေပါတယ်။
၅။ ဆန်ထည့်မယ့် ပစ္စည်း
ဆန်ထည့်တဲ့ အခါမှာ အရည်အသွေးကောင်းတဲ့ ပလပ်စတစ်ဘုံးတွေဟာ အသင့်တော်ဆုံးပါပဲ။
လုံအောင် ပိတ်ထားလို့ ရသလို လေလဲ လုံစေပါတယ်။
Crud
ထမင်းချက်နည်း (၉) မျိုး
၁. ရှာလကာရည်
ရှာလကာရည်ကတော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
ရာသီဥတုပူပြင်းတဲ့ အချိန်တွေမှာ ရှာလကာရည်လေးကို တစ်စက်လောက်ထည့်ပြီးချက်ပေးပါ။ ထမင်းရဲ့ အနံ့အရသာကို ပေါ်လွင်စေရုံသာမက ထမင်းသိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။
၂. ဘီယာ
ပေါ်ဆန်မွှေးဆန် ဝယ်စားလို့မရလို့ စိတ်မညစ်နဲ့နော်။ တကယ်လို့ သင့်အိမ်မှာရှိတဲ့ ဆန်ဟောင်းက အထားကြာသွားပြီး ချက်လိုက်တဲ့ အခါမှာ ဆန်သစ်လောက် မကောင်းတာတို့ အနံ့မကောင်းတို့ဆိုရင် ထမင်းချက်တဲ့ အခါမှာ ဘီယာကို အနည်းငယ်လောက် ထည့်ပြီး ချက်ပေးပါ။
ဒါဆိုရင် ပေါ်ဆန်မွှေးဆန်လို မွှေးပျံတဲ့ အနံ့နဲ့ ထမင်းကိုရရှိစေပါမယ်ရှင်။
၃. မြေပဲဆီ
ဆန်ဖွာဖွာကြီး မစားချင်ဘူးဆိုရင် ထမင်းချက်တဲ့ အခါမှာ ဆားအနည်းငယ်နဲ့ ဆီအနည်းငယ်ကို ထည့်ပြီး ရောမွှေပြီး ချက်ပေးပါက ဆန်ဖွာခြင်းမရှိတဲ့ ခံတွင်းတွေ့စေမှာပါနော်။
၄. ဆား
လက်ကျန်ထမင်းကြမ်းကို ပြန်နွှေးတဲ့ အခါမှာ
ဆား အနည်းငယ် ထည့်ပြီး နွှေးပေးခြင်းဖြင့်
အနံ့ဆိုးများကို ပျောက်ကင်းစေသည့်အပြင် ထမင်းကြမ်းကလည်း နူးနူးညံ့ညံ့လေးနဲ့မို့
တဖန်ပြန်ပြီး စားလို့ကောင်းပါတယ်။
၅. အရက်ဖြူ (သို့မဟုတ် ) ဆန်အရက်
ထမင်းအိုးတည်နေရင်း မီးပျက်တဲ့ အချိန်တွေမှာဆိုရင် ထမင်းက ကျက်တဝက် မကျက်တဝက် ဖြစ်နေတက်ပါတယ်။
အဲ့လို အချိန်မျိုးနဲ့ ကြုံတဲ့ အခါမှာ အရက်ဖြူကို ထမင်းစားဇွန်း ၂ ဇွန်းလောက်ထည့်ပြီး နွှေးခြင်းဖြင့် ထမင်းကို လုံး၀ ကျက်စေပါတယ်။
ပြောရရင်တော့ ဆန်ကို တပြေးတည်း ပြန်ကျက်စေပါတယ်။
၇. ကြက်သွန်မြိတ်
ထမင်း အိုးနှပ်နေတဲ့ အချိန်မှာ ထမင်းတူးသွားပါက ထမင်းကြားမှာ ကြက်သွန်မြိတ် တစ်ပင် ကို
ထည့်ပြီး ခဏအုပ်ထားပေးပါက တူးနံ့များကို
ယူပစ်သလို သက်သာပျောက်ကင်းစေပါတယ်။
၈. လက်ဖက်
ရေနွှေးကြမ်းကို ထမင်းချက်တဲ့နေရာမှာ
ထည့်ပြီး သာမန်အတိုင်း ထမင်းချက်ပါက
ထမင်းရဲ့ အနံ့အရသာကို ပြည့်စုံရုံသာမက အာဟာရလည်း ဖြစ်ပါတယ်။
လက်ဖက်ခြောက်တွေကိုတော့ ဆယ်ထားပြီး
ရေနွှေးကြမ်းရည်ကိုသာအသုံးပြုပါနော်။
၉. သံလွင်ဆီ
ထမင်းချက်တဲ့ အခါမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး ချက်ပေးပါက ဆန်ထဲရှိ သကြားဓာတ်
တိုးမြင့်မှုကို ထိန်းချုပ်နိုင်တဲ့ အပြင် အစာအိမ်ကိုလည်း ဥပဓ်မဖြစ်စေနိုင်ပါဘူး။
ဆီးချိုရှိတဲ့ ရောဂါသည်တွေ အတွက်လည်း သင့်လျှော်ပါတယ်။
crd
မီးဖိုချောင်မှ ဆေးနည်းတို
၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။🥔
၂။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။
၃။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။
၄။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။
၅။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။
၆။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။🕯️🕯️
၇။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။
၈။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။
၉။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။
၁၀။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။
၁၁။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။
၁၂။ အဝတ်မှင်စွန်းသော်…ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။
၁၃။ ကြမ်းပိုးရှိသော်…..ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။
၁၄။ ကွမ်းသွေးစွန်းလျှင်ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။
၁၅။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။
၁၆။ ပုရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။
၁၇။ ဖန်ခွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။
၁၈။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။
၁၉။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။
၂၀။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။
၂၁။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။
၂၂။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။
၂၃။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။
၂၄။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။
၂၅။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။
Credit