နွားနို့ကို Rice Cookerနဲ့တည်။

ပွက်ပွက်မဆူခင် နွားနို့မျက်နှာပြင်တင်းစပြုတဲ့အချိန်မှာ နွားနို့တွေကို ခွက်တစ်ခုနဲ့ခပ်ပြီး အဲအိုးထဲကိုပဲ အပေါ်ကနေမြှောက်ပြီး ပြန်လောင်းချ။

လက်ဖက်ရည်ဖျော်တဲ့အခါ အမြုပ်တွေထအောင် ဆွဲဖျော်သလိုပဲ နွားနို့ကို အမြုပ်ထွက်အောင်လုပ်,

အမြုပ်ထွက်အောင် ၁၀မိနစ်လောက်လုပ်ပြီး Rice Cookerကို Warm ဖြစ်အောင်လုပ်ပြီး ၃နာရီလောက်ထား။ တက်လာတဲ့ မလိုင်ဖတ်ကိုဆဆယ်ထား။
Rice Cooker ခလုတ်ပြန်နှိပ်ပြီး ပထမတခါလုပ်သလို အမြုပ်ထအောင်လုပ်။ Warmဖြစ်အောင်လုပ်ပြီး မလိုင်ထပ်လုပ်။ ပြီးရင်ဆယ်ထား။ ကျန်တဲ့နွားနို့တွေကို ဇလုံတခုထဲထည့်။ အိုးမှာကပ်နေတဲ့ နွားနို့ဂျိုးတွေကို ဇွန်းနဲ့ခြစ်ခွာပြီး သတ်သတ်ထား။

ဆန်နည်းနည်းကို ရေများများထည့်ပြီး ထမင်းအိုးတည်။

ဆန်တွေကျက်သွားရင် အရည်နဲ့ အဖတ်သတ်သတ်စစ်။
ချက်ပြီးသားဆန်တွေကို ရေနည်းနည်းထည့်ပြီး Blanderနဲ့ညက်နေအောင်ကြိတ်။

အဲတာရယ် ထမင်းချက်ထားတဲ့အရည်ရယ် ပြန်ရောပြီး မီးအေးအေးနဲ့ကျို။
မလိုင်ထုတ်ပြီး ကျန်တဲ့နွားနို့ပါထည့်။
သကြားထည့် …
ဆားနည်းနည်းထည့် …
ပွက်ပြီဆိုရင် မီးဖိုပေါ်ကချ။

ပန်းကန်တစ်ခုထဲ ကျိုထားတဲ့အရည်ထည့်။ မလိုင်ဖတ်နည်းနည်းထည့်။ မလိုင်ဂျိုးလေးပါထည့် …

နို့ဟင်းမလိုင်ရပြီ။

သကြားအစား နို့ဆီထည့်ပြီးထည့်ပြီးလဲလုပ်တယ်။

မလိုင်ဖတ်တွေအပြင် နို့စိမ်းထဲ့စားလဲရ

Credit to Hein Zaw Nyo (FB Report အမြဲထုခံရတဲ့ Dr Hein Zaw Nyo)

Leave a Comment

Shopping Cart
Scroll to Top