ဒူးရင်းသီး ရွေးချယ်နည်း

👉 ဒူးရင်းသီးဝယ်ရင်

(၁) ဒူးရင်းသီးရဲ့ဆူးတွေဟာတိုနေရပါမယ်။

(၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။

(၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။

ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့

ဒူးရင်းသီးအများစုဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးပါ။

👉 ဒူးရင်းသီးမှည့် မမှည့်ဆိုတာ

(၁) ဒူးရင်းသီးကိုနမ်းကြည့်ပြီး မှဲ့မမှဲ့သိနိုင်ပါတယ်။
လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီ
ဆိုတာ သိနိုင်ပါတယ်။

(၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာ
အတွင်းကအဆံဟာ မသိမသာလေး ချောင်နေတာကိုသိထားရပါမယ်။

Credit

Leave a Comment

Scroll to Top