ဆီချက်ခေါက်ဆွဲ(ကြက်/ဝက်၊ဘဲ၊အမဲသားလွှာ)

၁။👉အသားပြုတ်မယ်

အသားတွေအရင်ဆုံးရေဆေး ရေစစ်ပြီး ၊

ဆား၊သကြား၊အရသာမှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတစ်ပြား၊ကြက်သွန်ပင်အရင်း၊ဟင်းချက်ဝိုင်၊ငရုတ်ကောင်းမဲ၊ပဲငံပြာရည်အကြဲရည်၊အနောက်ရည်နဲ့ခရုဆီ ကြိုက်ရင်ထည့်ပါ၊နှမ်းဆီမွှေးအနည်းငယ်)တို့နှင့်အရသာနယ်ပြီး

ဆီအနဲငယ် နှင့် အသားတုံးကိုအိုးနဲ့ကပ်ပြီးကင်

-ခနကင်ပြီး ရေကိုအသားမမြုတ်တမြုတ်ထည့်ကာ အဖုံးအုပ် မီးအနေတော်နဲ့ပြုတ်ပါ

၂။ ဆီချက်ဆီ

အသားတည်ထားတုန်း

ကြက်သွန်အဖြူဥသေးလေးတွေကိုအခွံပါထောင်းထားပါ ကျေအောင်မထောင်းရ ဆီနဲ့တူးအောင်ကြော်ပြီး ဆီပဲသတ်သတ်စစ်ပြီးယူထားပါ။(ဘဲဆီ၊ဝက်ဆီစားရင်သုံးနိုင်သည်)

၃။ဆီချက်ခေါက်ဆွဲ/ဂျုံခေါက်ဆွဲပြားသေး

ဆီချက်ခေါက်ဆွဲလုပ်တဲ့ခေါက်ဆွဲကို

ရေကိုဆီနဲ့ဆားနဲ့ထည့်ပြီးပွက်ပွက်ဆူမှ ခေါက်ဆွဲထည့်ပြုတ်မယ်၊ခေါက်ဆွဲကိုအရမ်းမပျော့ခင်ဆယ်ယူပြီးရေအေးနဲ့ဆေးဆီနဲ့ဖွနယ်ထားပါ၊စားခါနီးမှရေနွေးနဲ့ချက်ခြင်းဖျောပြီးပန်းကန်ထဲအရသာထည့်မွှေပါ

၄။ဆီချက်ခေါက်ဆွဲအချဉ် ကြက်သွန်နီ/ဂေါ်ဖီ အချဉ်

အချဉ်အတွက် ကြက်သွန်နီ/ဂေါ်ဖီ ပါးပါးလှီးထားမယ်၊

ငရုတ်သီးစိမ်းအတောင့်လိုက်ကို ရှာလကာရည်၊ရေ၊သကြား၊ဆားတို့နဲ့ အချိန်ရရင် အချဉ်စိမ်ထားပါ) ငရုတ်သီးစိမ်းချဉ်တွေလှီးထားပါ၊ Chilli Sauce တစ်မျိုးမျိုးကို ကြက်သွန်စိမ်း ၊ ငရုတ်သီးချဉ်တို့နဲ့ အချဉ်လုပ်ထားပါ။ကြက်သွန်မြိတ်ပါးပါးလှီးထားပါ(အဖြူမြိတ်၊အနီမြိတ်နှစ်မျိုးလုံးသုံးနိုင်သည်)

၅။ပဲငံပြာရည်ကြို

ပဲငံပြာအကြဲရည်(ခေါင်းစိမ်း)၊ခရုဆီကို ပဲငံပြာရည်ရဲ့သုံးပုံတစ်ပုံပဲထည့်၊အရသာချိုမှုန့်၊အနံ့နဲတယ့်ထန်းလျက်နဲနဲလောက်ထည့်ကြိုပြီး အအေးခံထားမယ်။

၆။ဟင်းရည်

ဟင်းရည်ကို အထူးတလည်လုပ်မယ်ဆိုရင်လဲအရိုးသတ်သတ်ပြုတ် အသားပြုတ်ထားတာရရင် အဲ့အရည်ကိုစစ်ယူပြီး ပြန်ရော အရာသာမှုန့်လိုသလိုထပ်ထည့်ပြီး ဟင်းရည်ထဲ ပဲပင်ပေါက်လေးထည့်ခတ်၊ ကြက်သွန်ဖြူကြော်၊ကြက်သွန်မြိတ်၊ငရုတ်ကောင်းလေးဖြူး လိုက်ရင် ဆိုင်တွေကလို ပဲပင်ပေါက်ဟင်းရည်လေးရပါပြီ။

၇။ဆီချက်ခေါက်ဆွဲပြင်မယ်

အသားနူးရင် အသားတွေပါးပါးလှီး(သို့)နုတ်နုတ်စဉ်းထားပါ။ ပန်းကန်လုံးထဲ ထမင်းစားဇွန်းနဲ့ ဆီချက်ဆီတစ်ဇွန်း၊ပဲငံပြာရည်ကြိုတစ်ဇွန်း(သို့)တစ်ဇွန်းခွဲထည့်၊ခေါက်ဆွဲတစ်ယောက်စာ၊ငရုတ်ကောင်းနဲနဲဖြူးပြီးမွှေပါ၊ပြီးရင်အပေါ်မှအသားလွှာ(သို့)အသားစဉ်းထားတာတင် ကြက်သွန်မြိတ်၊အဖြူကြော်နဲ့ငရုတ်ကောင်းလေးဖြူးလိုက်ရင် အရသာရှိတဲ့ ဆီချက်ခေါက်ဆွဲနဲ့ပဲပင်ပေါက်ဟင်းရည်ပူပူလေး ရပါပြီ

#Credit

Leave a Comment

Shopping Cart
Scroll to Top