ဆီချက်ခေါက်ဆွဲ(ကြက်/ဝက်၊ဘဲ၊အမဲသားလွှာ)
၁။👉အသားပြုတ်မယ်(ဝက်နံရိုး၊ကြက်ပေါင်း၊ဘဲပေါင်း၊အမဲသားလွှာ၊ဝက်သားကင်၊ကြက်သားကင်တို့နှင့်လဲတွဲ၍တည်ခင်းနိုင်သည်)
အသားတွေအရင်ဆုံးရေဆေး ရေစစ်ပြီး ၊
(ဆား၊သကြား၊အရသာမှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတစ်ပြား၊ကြက်သွန်ပင်အရင်း၊ဟင်းချက်ဝိုင်၊ငရုတ်ကောင်းမဲ၊ပဲငံပြာရည်အကြဲရည်၊အနောက်ရည်နဲ့ခရုဆီ ကြိုက်ရင်ထည့်ပါ၊နှမ်းဆီမွှေးအနည်းငယ်)တို့နှင့်အရသာနယ်ပြီး
ဆီမပါ(သို့)ဆီအနဲငယ် နှင့် အသားတုံးကိုအိုးနဲ့ကပ်ပြီးကင်) ခနလုပ်ပြီး ရေကိုအသားမမြုတ်တမြုတ်ထည့်ကာ အဖုံးအုပ် မီးအနေတော်နဲ့ပြုတ်ပါ)
၂။👉ဆီချက်ဆီ
အသားတည်ထားတုန်း
ကြက်သွန်အဖြူဥသေးလေးတွေကိုအခွံပါထောင်းထားပါ ကျေအောင်မထောင်းရ ဆီနဲ့တူးအောင်ကြော်ပြီး ဆီပဲသတ်သတ်စစ်ပြီးယူထားပါ။(ဘဲဆီ၊ဝက်ဆီစားရင်သုံးနိုင်သည်)
၃။👉 ဆီချက်ခေါက်ဆွဲ/ဂျုံခေါက်ဆွဲပြားသေး
ဆီချက်ခေါက်ဆွဲလုပ်တဲ့ခေါက်ဆွဲကို
ရေကိုဆီနဲ့ဆားနဲ့ထည့်ပြီးပွက်ပွက်ဆူမှ ခေါက်ဆွဲထည့်ပြုတ်မယ်၊ခေါက်ဆွဲကိုအရမ်းမပျော့ခင်ဆယ်ယူပြီးရေအေးနဲ့ဆေးဆီနဲ့ဖွနယ်ထားပါ၊
(စားခါနီးမှရေနွေးနဲ့ချက်ခြင်းဖျောပြီးပန်းကန်ထဲအရသာထည့်မွှေပါ)
၄။👉ဆီချက်ခေါက်ဆွဲအချဉ် ကြက်သွန်နီ/ဂေါ်ဖီ အချဉ်
အချဉ်အတွက် ကြက်သွန်နီ/ဂေါ်ဖီ ပါးပါးလှီးထားမယ်၊
(ငရုတ်သီးစိမ်းအတောင့်လိုက်ကို ရှာလကာရည်၊ရေ၊သကြား၊ဆားတို့နဲ့ အချိန်ရရင် အချဉ်စိမ်ထားပါ) ငရုတ်သီးစိမ်းချဉ်တွေလှီးထားပါ၊
Chilli Sauce တစ်မျိုးမျိုးကို ကြက်သွန်စိမ်း ၊
ငရုတ်သီးချဉ်တို့နဲ့ အချဉ်လုပ်ထားပါ။ကြက်သွန်မြိတ်ပါးပါးလှီးထားပါ
(အဖြူမြိတ်၊အနီမြိတ်နှစ်မျိုးလုံးသုံးနိုင်သည်)
၅။👉ပဲငံပြာရည်ကြို
ပဲငံပြာအကြဲရည်(ခေါင်းစိမ်း)၊ခရုဆီကို ပဲငံပြာရည်ရဲ့သုံးပုံတစ်ပုံပဲထည့်၊အရသာချိုမှုန့်၊အနံ့နဲတယ့်ထန်းလျက်နဲနဲလောက်ထည့်ကြိုပြီး အအေးခံထားမယ်။
၆။👉ဟင်းရည်
ဟင်းရည်ကို အထူးတလည်လုပ်မယ်ဆိုရင်လဲအရိုးသတ်သတ်ပြုတ် အသားပြုတ်ထားတာရရင် အဲ့အရည်ကိုစစ်ယူပြီး ပြန်ရော အရာသာမှုန့်လိုသလိုထပ်ထည့်ပြီး ဟင်းရည်ထဲ ပဲပင်ပေါက်လေးထည့်ခတ်၊ ကြက်သွန်ဖြူကြော်၊ကြက်သွန်မြိတ်၊ငရုတ်ကောင်းလေးဖြူး လိုက်ရင် ဆိုင်တွေကလို ပဲပင်ပေါက်ဟင်းရည်လေးရပါပြီ။
၇။👉 ဆီချက်ခေါက်ဆွဲပြင်မယ်
အသားနူးရင် အသားတွေပါးပါးလှီး(သို့)နုတ်နုတ်စဉ်းထားပါ။
ပန်းကန်လုံးထဲ ထမင်းစားဇွန်းနဲ့ ဆီချက်ဆီတစ်ဇွန်း၊ပဲငံပြာရည်ကြိုတစ်ဇွန်း(သို့)တစ်ဇွန်းခွဲထည့်၊ခေါက်ဆွဲတစ်ယောက်စာ၊ငရုတ်ကောင်းနဲနဲဖြူးပြီးမွှေပါ၊ပြီးရင်အပေါ်မှအသားလွှာ(သို့)အသားစဉ်းထားတာတင် ကြက်သွန်မြိတ်၊အဖြူကြော်နဲ့ငရုတ်ကောင်းလေးဖြူးလိုက်ရင် အရသာရှိတဲ့ ဆီချက်ခေါက်ဆွဲ ရပါပြီ
Crd
ကြေးအိုးချက်နည်း
ကြေးအိုးချက်နည်းမှာ ဟင်းရည်က အဓိက ကျပါတယ်
အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။
ပါ၀င်သော ပစ္စည်းများ
၁။ ကြက်ရိုး (သို.မဟုတ်) ၀ကျရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၄၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ
ဟင်းရည်
အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊
📢 ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်ပါတယ်။
သကြားကို ချိန်ဆ ပြီး ထည့်ပါ၊
အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
သတိပြုရန်မှာ-
အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ မထည့်ပါနဲ.။
📢 ဂျင်း၊ တရုပ်နံနံ လုံး၀ မထည့်ရ။
အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊
၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊
၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊
အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် ထည့်မပြုတ်ပါနှင့်)
၄၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။
၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊
၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊
နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း
နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊
ပွဲပြင်နည်း
အသားကို လုံးပြီး ထည့်၊
အူစုံ အသည်းစုံထည့်
ကြာဆံ (သို.) ဆန်ပြားကို အလိုရှိ
သလောက်ထည့်ပြုတ်
– ပဲပြားထည့်
– ငုံးဥ ထည့်
– အရွက်စိမ်း နောက်ဆုံးမှ ထည့်
– ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။
– ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ။
အချဉ်ရည် ပြင်ဆင်နည်း
ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့်
ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊
ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။
Crd
နို့စိမ်းခေါက်ဆွဲချက်နည်း
ပါဝင်ပစ္စည်း များ
ကြက်သား ၃၀သါး
ကြက်ရိုး အနည်းငယ်
နို့စိမ်း တစ်ဗူး
ကြက်သွန်ဖြူ..ကြက်သွန်နီ. ဂျင်း
မွှေးပဲစိမ်းမှူန့် တစ်ထုပ်
ခေါက်ဆွဲ ၅၀သါး
အချိုမှုန့် .ဆား. သကြား
ခနော ကြက်သားမှုန့်
အရင်ဆုံး ကြက်သား ကို အတုံးသေးသေးလေးတွေ
တုံးထားပီး အချိုအငံ နယ်ပီး နှပ်ထားပေးပါ
နှပ်ထား ပီး ၁၀မိနစ်လောက်ကြာမှ ဆီသတ်ပါမယ်
ဆီကြက်လာတာနဲ့ ကြက်သွန်နီ. ကြက်သွန်ဖြူ ဂျင်း
ထောင်းထား တာကို အရင် မွှေးလာအောင်
ဆီသတ်ပါ
မွှေးလာပီဆိုမှ ကြက်သား ထည့်အရောင်တင်မှုန့် ထည့်ပီး ချက်ပေးပါ
ကြက်သားက အနေတော် ကျက်ပီ ဆိုတာနဲ့ ချလို့ပါပီ.
👉ဟင်းရည် စချက်မယ်
ကြက်ရိုး ကို အချိုအငံ ထည့်ပီး ပြုတ်ထားပေးပါ
ကြက်ရိုး ပြုတ် ရပီ ဆိုတာ နဲ့ ရေဖျော်ထားတဲ့
ပဲစိမ်းမှုန့် ထည့်ပီး မွှေ ပေးရပါ့မယ်
ပဲစိမ်းမှုန့် က အစိမ်းအနံ့ ပျောက်ပီ ဆိုမှ
နို့စိမ်း ဖောက်ထည့်ပါ
ကြက်သွန်ဥ သေးသေးလေးတွေ ရှိရင် ထည့်လို့ရပါတယ်. သကြား. ဆား. ငံပြာရည်…ကြက်သား မှုန့်တို့ကိုလိုသလောက် ထည့် ပါ…
ပီးမှ စောစောက ဆီသတ်ထားတဲ့ ကြက်သား ကို
ထည့်ပီး…. မီးအေးအေးနဲ့ ဟင်းရည်ကျတဲ့ အထိ
တည်ထားပေးပါ
ဟင်းရည် ရပီ ဆိုရင်တော့ မိမိတိူ့ ကြိုက်နှစ်သက်ရာ
ပဲကြော် ငဖယ်ကြော် တို့နဲ့ စားလို့ရပါပီ
crd
ရွှေတောင်ခေါက်ဆွဲ လုပ်နည်း
ပါ၀င်ပစ္စည်းများ
…………………
ဂျုံခေါက်ဆွဲ
ကြက်သွန်နီ
နံနံပင်
သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
အုန်းနို့ – အုန်းဆီနှစ် ချက်ရန်
ပဲအကျက်မှုန့်
ငရုတ်သီးအကြမ်းမှုန့်ကြော်
ကြက်သားဟင်း ချက်ရန် ပါ၀င်ပစ္စည်းများ
ကြက်ရင်ဗုံသား
ကြက်သွန်နီ
ကြက်သွန်ဖြူ – နှုတ်နှုတ်စင်းပါ
ငရုတ်သီးမှုန့်
ဆား
ကြက်သားမှုန့်
ဟင်းရွက်ဆီ
ပြင်ဆင်နည်း
၁။ အရင်ဆုံး ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက် စားသုံးရန် ဂျုံခေါက်ဆွဲမုန့်ကြွပ် ကြော်ပါ
၂။ အုန်းဆီနှစ်ချက် လုပ်ရန် အုန်းနို့ကို ဆီပြန်သည် အထိ တည်ထားပေးပါ။
၃။ ဆီပြန်လျှင် မီးပိတ်လိုက်ပြီ ပန်းကန်ထဲပြောင်းထည့်ထားပါ။
💞 ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သားဟင်းချက်ရန် ဒယ်ထဲ ဆီထည့်ပြီ ဆူပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီးမှုန့်ထည့်၊ ကြက်သားထည့်ပြီ ၁မိနစ်ခန့် ရောမွှေပါ။
၃။ ထို့နောက် ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်နီထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
၄။ ရေ (၂ခွက်)စာ ကျန်လျှင် အရသာမြည်းပြီ မီးပိတ်လိုက်ပါ။ ကြက်သားဟင်းရည် ရပါပြီ…
၅။ ရွှေတောင်ခေါက်ဆွဲ ပြင်ဆင်ရန် ဇောက်ပန်းကန်ပြားတစ်ခုထဲ ခေါက်ဆွဲ၊ ကြက်သွန်နီ၊ အုန်းဆီချက်၊ ပဲမှုန့်၊ သံပရာသီး၊ ငရုတ်သီးမှုန့်၊ မုန့်ကြွပ် တို့ကို ထည့်ပြီ ပြင်ပေးပါ။
၆။ ထို့နောက် အပေါ်မှ ကြက်သားဟင်းရည်(ယောက်ချို ၂ဇွန်း) လောင်းချလိုက်ပါ။
ရွှေတောင်ခေါက်ဆွဲကို သုံးဆောင်လို့ရပါပြီ
မှတ်ချက်။ ။ ရွှေတောင်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ကြက်ပြုတ်ရည်အတွက် ကြက်ရိုးများကို ပြုတ်ပြီ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များထည့်၍ သုံးဆောင်နိုင်ပါတယ်
Credit