စမိုင်လုပ်နည်း
~~~~~~~~
ပါဝင်ပစ္စည်း
– စမိုင်ထုပ်
– နို့ကျိုပြီးသား ရေသန့် ၁ဘူးခန့်လဲ (၅၀ကျပ်သား)
– နို့စိမ်း ၁ဘူး
– နို့ဆီ အချိုကြိုက်ရင်နဲနဲထည့်ပါ။
– အအီကြိုက်ရင် ချိစ် ၁ပြားထပ်ထည့်ပါ။
– စပျစ်သီးခြောက်/ သီဟိုဠ်စေ့ခြောက်/ almond စေ့ခြောက် ကြိုက်ရင် ထပ်ထည့်လို့ရပါတယ်။
**************************
#စမိုင်လုပ်နည်း (၁)
၁။ စမိုင်ခြောက် (ကြာဇံခြောက်) ကို ထောပတ်လိုသလောက် ထည့်ကာ အရင်ဆုံး လှော်ပြီးနောက် သီးသန့် ဖယ်ထားရမည်။
၂။ ရေကို ဆူအောင် တည်ပြီးပါက အုန်းနို့စိမ်း ၂ ကီလိုဂရမ်၊ လှော်ထားသော မြေပဲ ချိန်ဆထည့်
နို့ဆီ ၁ ဗူး၊ နို့စိမ်းဗူး ၂ ဗူး၊ သကြား တစ်ကီလိုဂရမ်ခွဲ၊ စပျစ်ခြောက် အဖြူ (တစ်ကီလို၏ ၁ဝ ပုံ တပုံ)
တို့ကို ထည့်ရမည်။
(ရေကိုမူ စမိုင် တစ်ကီလိုဂရမ် သုံးမည်ဆိုပါက အနည်းဆုံး ၁ဝ ကီလိုဂရမ် သုံးရသည်။)
👉 မှတ်ချက်။ ။စပျစ်ခြောက် အမဲရောင် မသုံးရပါ။ အမဲရောင်သုံးပါက စမိုင်တအိုးလုံး မဲသွားနိုင်သည်။
၃။ လှော်ထားသည့် စမိုင်ခြောက်ကို ဆူပွက်နေသော အိုးအတွင်း ထည့်လိုက်ပြီးနောက် ၅ မိနစ်ခန့်အကြာတွင် အဆင်သင့် စားသုံးနိုင်သော စမိုင် မုန့်ရရှိမည် ဖြစ်သည်။
**************************
#နည်း (၂)
လိုအပ်သည့်ပစ္စည်းများ
——————–
– စမိုင်ခြောက်(လှော်ပြီး) ၅ကျပ်သား
– ထောပတ် ၂ကျပ်ခွဲသား
– အဆီထုတ်ထားသော (non fat) နွားနို့ကြိုပြီးသား ၁လီတာ
– နို့စိမ်း ဟင်းချက်ဇွန်းကြီး ၂ဇွန်း
– သကြားတု ၁၀ထုပ်
(ချိုတာကြိုက်လျှင် ၁၅ထုပ်)
– စပျစ်သီးခြောက် (ကြိုက်လျှင်) အနည်းငယ်
– ဆား အနည်းငယ်
ပြုလုပ်နည်း
———-
– အိုးကို မီးပူပေးပါ။ အိုးပူလာပြီဆို ထောပတ်ကို အိုးထဲသို့ထည့်ပါ။
– စမိုင်ခြောက်ကို ထည့်၍ မီးအေးအေးဖြင့် နှံအောင် မွှေပေးပါ။
– ထောပတ် အားလုံး စိမ့်ဝင်သွားပြီ ဆိုပါက နွားနို့၊ နို့စိမ်း၊ သကြားထုပ်၊ ဆား ထည့်၍ မီးပြင်းပြင်းဖြင့် တောက်လျှောက်မွှေပေးပါ ။
– ပျစ်လာပြီဆိုတိုင်း ရေနွေး ထပ်ရောမွှေပေးပါ။ မီးပြင်းပြင်းဖြင့် ၁၀မိနစ်ခန့် သေချာ မွှေပြီးပြီဆိုပါက စမိုင် နူးပါပြီ။
– ထို့နောက်မှ စပျစ်သီးခြောက်လေးထည့်မွှေ၍ အအေးခံပြီး
စမိုင်သုံးဆောင်လို့ရပါပြီ။
Crd