ငါးသလောက် ပေါင်းနည်း

ထမင်းပေါင်းအိုး နဲ့ပေါင်းနည်း
ငါးသလောက် ကို ဆေးကြောသန့်စင်ပြီးရင် ဆား ဆနွင်း ငံပြာရည် သကြား ထည့် ရှောက်သီးကိုအရည်ညှစ်ပြီးထည့် နယ်ပြီးနှပ်ထားပါ။
ပေါင်းမမယ့် အိုး ထဲမှာ ဇပလင် ကိုအနေတော်ဖြတ်ထည့်ပြီး ဒါးပြားရိုက်ပြီးခင်းပါတယ်။

ခရမ်းချဉ်သီး 4/5 လုံးကို ခင်း
အပေါ်ကနေမှ ငါးတွေကိုနေရာချ
ရေ နည်းနည်းထည့်ပြီး ပေါင်းပါတယ်
ရေ ခမ်းရင် တော့ ငါးမြုတ်ရုံ ထည့်ပေးပါတယ်။

ရေထည့်တဲ့အခါ ငါးအပေါ်ကိုလောင်းမထည့်ဘဲဘေးကနေ ညင်ညင်သာသာလောင်းထည့်ပေးပါ။
လေးကြိမ်လောက်ထည့်ပြီးရေခမ်းရင်အရိုးလည်း
နူးလောက်ပါပြီ။
ကြက်သွန်ဥ ထည့် ၊ ရေထပ်ထည့်ပြီး ဆူအောင်တည်..။အရိုး နူးမနူးလည်းစစ်ပါ။

အရိုးနူးလောက်ပြီဆိုရင် ဒယ်အိုး တအိုးထဲမှာဆီကိုဆူနေအောင်တည်
ငြုပ်သီး၄/၅ တောင့်ကို ညက်အောင်ထောင်းပြီး ဆီသတ်
ဆီသတ် ရင် ရေလေးနည်းနည်းထည့်ပြီးသတ်ပါ။ငြုပ်သီးလည်းမတူးသလို အရသာ လည်းပိုကောင်းပါတယ်။

ပြီးရင်အအေးခံပြီး ငါးသလောက် အိုး ထဲထည့်ပါ။
ရေခမ်းပြိးဆီပြန်လာရင် အရသာရှိရှိသုံးဆောင် နိုင်ပါပြီ။
ကြာချိန် (2) နာရီမှ (4)နာရီအတွင်းဖြစ်ပါတယ်

Credit

Leave a Comment

Scroll to Top